မိုင်းဆတ် ဇွန် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၌ သင်္ချာဉာဏ်စမ်းပြိုင်ပွဲကို ယမန်နေ့မွန်းတည့်(၁၂) နာရီက ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ အစုအဖွဲ့အတွင်းပူးပေါင်းပါဝင်တတ်လာစေရန်၊ ဉာဏစွမ်းရည်နှင့် သင်္ချာစွမ်းရည်တိုးတက် မြင့်မားလာစေရန်နှင့် ကျောင်းစာအပြင် ဗဟုသုတရရှိစေမည့် ပြင်ပ စာပေများ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး ဆုရရှိသည့် ကလေးများ အား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ချီးမြှင့်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတတိုးပွား စေရန် စာအုပ်စာစောင်များငှားရမ်းပေးခြင်း၊ ပုံပြင်ပြောခြင်းအစီအစဉ်များနှင့် စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်များကို မိုင်းဆတ်ခရိုင်ပြည်သူ့စာကြည့်တိုက် Face Book Page မှ တဆင့် လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)