ဘိုကလေးမြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေ
နိုဝင်ဘာ (၁၇) ရက်နေ့တွင် ပြည်မှီမည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား/သူ၊ လူငယ်၊ မောင်မယ်များ ကောင်းမြတ်မှန်ကန်သည့် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် ထာဝရရှင်သန်ထက်မြက်ရေး၊ အသိပညာ၊ အတတ်ပညာများ ကြွယ်ဝစေရေးကို ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများမှ ယနေ့နံနက် (၁၀) နာရီတွင် ဘိုကလေးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းကို အရောက်သွား၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ကျောင်းသား/သူများ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့သည်။