လောက်ကိုင်မြို့တွင်း လမ်းဘေးဈေးသည်များ ကျူးကျော်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ အမှတ်(၃) ရပ်ကွက်အတွင်း ဒေသခံပြည်သူများနှင့် ခရီးသွားများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် လမ်းဘေးဈေးသည်များ ကျူးကျော်ရောင်းချမှု ရှိ/မရှိအား ယမန်နေ့ နံနက်ပိုင်းက  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကသာပညာရေးဒီဂရီကောလိပ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာပညာရေးဒီဂရီကောလိပ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သိန္နီမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (အကြို) မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေစင်ခန်းမ၌  ယနေ့နံနက် ၁၀ နာရီ အချိန်က ကျင်းပခဲ့သည်။

မြန်အောင်မြို့ပေါ်ရှိ ဆေးဆိုင်များအား ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ နေခြည်စျေးအတွင်းရှိ ဆေးဆိုင်များနှင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဆေးဆိုင်များကို ယနေ့နံနက်က ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်လတ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ သွေးလွန်တုပ်ကွေး အသိပညာပေး ဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မြစန္ဒီခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီက ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုပ်ကွေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဒေသခံပြည်သူများ အခြေခံ စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် ယနေ့နံနက် ၆ နာရီက ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အရာတော်မြို့၌ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) အစီအစဉ် ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီ လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ခဲ့သည်။

မြိတ်မြို့နယ် မဇော-ကင်းတပ် ကျေးရွာချင်းဆက် လမ်းဘေးဝဲယာများတွင် အရိပ်ရရှိရန် မန်ဂျန်ရှား အရိပ်ရသစ်ပင်များ စုပေါင်းစိုက်ပျိုး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု မဇော-ကင်းတပ် ကျေးရွာချင်းဆက်လမ်းဘေးဝဲယာတွင် အရိပ်ရရှိစေရန်အတွက် သစ်တောဦးစီးဌာနနှင့် ကျေးရွာသူ/သားများစုပေါင်း၍ အရိပ်ရသစ်ပင် မန်ဂျာရှားပျိုးပင်များကို ယမန်နေ့နံနက်ပိုင်းက စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

မိုးကုတ်မြို့နယ်၊ လူထုအခြေအပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ​ မြေပြိုမှုအန္တရာယ်ကြိုတင်ပြင်ဆင်ရေး အသိပညာပေး (Talk Show) ပြုလုပ်

 မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြေပြိုမှုအန္တရာယ် ကြိုတင်ပြင်ဆင်ရေး အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ယင်းမာပင်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

လူသားမျိုးနွယ်တစ်ရပ်လုံးကို ပျက်သုဉ်းစေနိုင်သည့်  မူးယစ်ဆေးဝါး၏ အန္တရာယ်ကြီးမားပုံကို မျိုးဆက်သစ်လူငယ်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍  မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ယင်းမာပင်မြို့၊ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to