ဘူးသီးတောင် ဇွန် ၁၂
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၉ အချိန်က ဘူးသီးတောင်မြို့နယ် မီးရထားဆိပ်ရပ်ကွက်ရှိ စားသုံး သူရေးရာဦးစီးဌာနဂိုဒေါင်၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်ရန်ရောက်ရှိလာသည့် သွပ်၊ သံ၊ ရေဗူး၊ ခေါက်ဆွဲခြောက်များနှင့် အမယ်စုံပစ္စည်း(၂၀)မျိုးအား ဖွင့်ဖောက်စစ်ဆေးရေးအဖွဲ့မှ စိစစ်လက်ခံနေမှုများအား လေလွင့်ဆုံးရှုံးမှုများ မဖြစ်စေရေးစနစ်တကျဆောင်ရွက်ကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ထောက်ပံ့လှူဒါန်းရန်ကျန်ရှိသည့် ဘုန်းတော်ကြီးကျောင်း (၆၃) ကျောင်းအား အမြန်ဆုံး ထောက်ပံ့လှူဒါန်းနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့်အတူ ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီး တင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းတို့သည်နေ့လယ်ပိုင်းတွင် ဦးဥတ္တမခန်းမ၌ ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာအုပ်စု၊ ဆေးအိုးကျကျေးရွာအုပ်စု၊ စပါးထားကျေးရွာအုပ်စု၊ စေတီတောင်ကျေးရွာအုပ်စုနှင့် သရက်ပြင်ကျေးရွာအုပ်စု စုစုပေါင်း ကျေးရွာအုပ်စု(၅)အုပ်စုရှိ ကျေးရွာကိုယ်စားလှယ်များအား ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ပြီး လေဘေးသင့်ပြည်သူများ လက်ဝယ်သို့ အမှန်တကယ် ရောက်ရှိစေရေးစနစ်တကျ ဖြန့်ဝေ နိုင်ရေးနှင့် ထောက်ပံ့ပစ္စည်းများ ဖြန့်ခွဲရေးကော်မတီဝင်များအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် အဖွဲ့သည်ရွှေကျင်ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင်ဘဒ္ဒန္တနာယကအား ဖူးမျှော်ပြီး ဩဝါဒခံယူကာမိုခါမုန်တိုင်း ကြောင့် ကျောင်းဆောင်များအမိုးလန်ပျက်စီး၊ ဆုံးရှုံးသွားခဲ့သောရွှေကျင် ဘုန်းတော်ကြီး ကျောင်း၊ ငှက်ပျောချောင်းဘုန်းတော်ကြီးကျောင်း၊ ကင်းချောင်းဘုန်းတော်ကြီးကျောင်း၊ ကံ့ကော်မြိုင်ဘုန်းတော်ကြီးကျောင်း၊ ဘုရားပြင်သိန်းတန်ဘုန်းတော်ကြီးကျောင်း သာစည် ဘုန်းတော်ကြီးကျောင်း၊ ဖရုံချောင်းဘုန်းတော်ကြီးကျောင်းနှင့် ညောင်းချောင်းဘုန်းတော်ကြီး ကျောင်းစုစုပေါင်း ဘုန်းတော်ကြီးကျောင်း (၇)ကျောင်းအတွက် ပြန်လည်ပြုပြင်ရန် လိုအပ်သော အမိုးသွပ်(၄၇၃)ချပ်၊ဆွမ်းဆန်(၇)အိတ်နှင့်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မုန်းတိုင်းဒဏ်သင့်ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းသော နဝကမ္မငွေသားကျပ်ရှစ်သိန်း (၈၀၀၀၀ဝိ/)တို့အား ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချအမျှဝေခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်း(၁၄၉)ကျောင်းရှိပြီး မိုခါမုန်တိုင်းကြောင့် အမိုးလန်ပျက်စီး၊ ဆုံးရှုံးသွားသည့်ဘုန်းတော်ကြီးကျောင်း (၉၁)ကျောင်းရှိကာ ယခုအထိ ဘုန်းတော်ကြီးကျောင်းများအား အမိုးသွပ်(၂၄၄၃)ချပ်၊ ဆွမ်းဆန်(၃၅)အိတ်နှင့် ငွေကျပ်သိန်းသုံးဆယ့်ခြောက်သိန်းတိတိ လှူဒါန်းထောက်ပံ့ထားရှိပြီး ဖြစ်ကြောင်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)