ကလိန်အောင်မြို့၌ ပ‌ဉ္စမအကြိမ်မြောက် COVID-19 ရောဂါကာကွယ်ဆေးထိုးနှံ

ကလိန်အောင် ဇွန် ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထာဝးယ်ခရိုင် ကလိန်အောင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ အထွေထွေအုပ်ချုပ်ရေးဦးစီး‌ဌာနရုံးရှိ အစည်းအဝေးခန်းမ‌၌ ယမန်နေ့နံနက်ပိုင်းက အသက် (၁၈)နှစ်အထက် ဒေသခံပြည်သူများအား ပ‌ဉ္စမအကြိမ်မြောက် COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးကြ‌ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကလိန်အောင်မြို့ စီ‌မံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်‌၏ ကြီးကြပ်မှုဖြင့် ရေဖြူမြို့နယ် ကျန်းမာ ရေးဌာနမှ ကြီးကြပ်(၂)ဆရာမ ဒေါ်ဇင်မာမိုးမြတ်နှင့်အဖွဲ့တို့က ကလိန်အောင်မြို့ပေါ်ရှိ အသက်(၁၈)နှစ်နှင့်အထက် ဒေသခံပြည်သူ ကျား (၃၅)ဦး၊ မ(၄၇)ဦး၊ စုစုပေါင်း(၈၂)ဦးတို့အား ပဉ္စမအကြိမ်အမြာက် COVID-19 ကာကွယ်ဆေးထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)