ညောင်ဦးမြို့၌ ပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် စားအုန်းဆီများ ဆက်လက်ရောင်းချ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီ ရောင်းချခြင်းအား ယနေ့နံနက်၈နာရီ အချိန်မှ စတင်ပြီး ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများသို့ ဆက်လက်ရောင်းချပေးနေကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centerခန်းမတွင် ပလတ်စတစ်ပိုက်ဖြင့် ပန်းအလှထိုးနည်းသင်တန်း(အခမဲ့)ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ YouthClubအဖွဲ့ဝင်များနှင့် Women Clubအဖွဲ့ဝင် များပူးပေါင်း၍ ပလတ်စတစ် ပိုက်ဖြင့်ပန်းအလှထိုးနည်းသင်တန်း(အခမဲ့)ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် ပဲတီစိမ်းနှင့် နွေစပါး အထွက်နှုန်းကောင်းစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် လယ်ယာကဏ္ဍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်ရေး၊ အရည်အသွေးကောင်းမွန်ရေး၊ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံပိုလျှံစေရေးတို့အတွက် ပဲတီစိမ်းနှင့် နွေစပါးအထွက်နှုန်း ကောင်းစေရေး အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သရက်ခရိုင်ပြည်သူ့စာကြည့်တိုက်၌  ဖုန်းအသုံးပြု၍ ဗီဒီယိုရိုက်ကူးတည်းဖြတ်သင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်အတွင်းရှိ မြို့နယ်များမှ သတင်းရေးသားနေသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများအား ဖုန်းအသုံးပြု၍ ဗီဒီယိုရိုက်ကူးတည်းဖြတ်သင်တန်းကို  ယနေ့ နံနက် ၉ နာရီက သရက်ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ဖွင့်လှစ် ပို့ချခဲ့သည်။

စစ်ကိုင်းမြို့၊ အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ဆွေးနွေးပွဲ အခမ်းအနား ကျင်းပ

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်း၍ အသိပညာပေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက အဆိုပါကျောင်းရှိ ပါရဂူခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မီးခိုးမြူငွေ့အကြောင်းသိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

မီးခိုးမြူငွေ့အကြောင်းသိကောင်းစရာ  အသိပညာပေးဆွေးနွေးပွဲ Talk Show အား ယနေ့နံနက် ပိုင်းက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးစည်းကမ်းချက်နှင့်အညီ ပြု လုပ်ကျင်းပခဲ့သည်။

အခြေခံပညာအထက်တန်းကျောင်း၊ အထက(ပေါက်ခေါင်း)၌ ကျောင်းတွင်း အာစရိယပူဇော်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အထက(ပေါက်ခေါင်း) ရွှေရတုခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းတွင်း အာစရိယပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မက်မန်းမြို့၌ နှာခေါင်းစည်း mask အခမဲ့ဖြန့်ဝေခြင်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်

ရှမ်းပြည်နယ်အရှေ့ပိုင်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင် မက်မန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်စေရန်ရည်ရွယ်၍ နှာခေါင်းစည်း mask အခမဲ့ဖြန့်ဝေခြင်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းလုပ်ငန်းများကို နိုဝင်ဘာ ယမန်နေ့ နံနက် (၈)နာရီက လူစည်ကားရာနေရာများတွင် ကျင်းပသည်။

တမူးမြို့နယ်၊ ဟဲဇင်းကျေးရွာ၌ မှော်ဘီ (၂) မိုးစပါးစံကွက်ရိတ်သိမ်းပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ဟဲဇင်းကျေးရွာ ကွင်းအမှတ် (၂၅၆) ၊ ဦးပိုင်အမှတ် (၃၈/၁) ရှိ တောင်သူဦးထွန်းရီ စိုက်ပျိူးထားသော မှော်ဘီ (၂) မိုးစပါးစံကွက်အား နိုဝင်ဘာလ (၂၂) ရက်နေ့ နံနက် (၉) နာရီအချိန်က ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
Subscribe to