ကျိုက်ထိုမြို့နယ်တွင် မိုးစပါး(၂၁၈၀၇) ဧကစိုက်ပျိုးရန်လျာထား

ကျိုက်ထို ဇွန် ၁၆

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်း စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးကောင်း၊ မျိုးသန့်တိုးပွားစေရန်နှင့် တစ်ဧကအထွက်နှုန်းတိုးပွားစေရန်ရည်ရွယ်၍ တောင်သူများအား စိုက်ပျိုးရေးစနစ်များကို အနီးကပ်ပညာပေး၍ ယခုနှစ်မိုးရာသီတွင် မိုးစပါးစိုက်ဧက(၂၁၈၀၇) ဧကစိုက်ပျိုးသွားရန် လျာထားကြောင်းသိရသည်။

ကျိုက်ထိုမြို့နယ်အတွင်း မိုးစပါးစိုက်ဧက(၂၁၈၀၇)ဧက အထွက်နှုန်းကောင်းပြီး အောင်မြင်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများက အနီးကပ်ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး ယခုလက်ရှိအချိန်တွင် ကြဲခင်းစိုက်ဧကအဖြစ်(၇၂၀၀)ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသောစိုက်ဧကများအား စပါးများပျိုးထောင်ပြီး စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စပါးအထွက်နှုန်းတိုးတက်မြင့်မားစေရန်တောင်သူများအား နည်းပညာပေးခြင်း မြေဩဇာများကိုလည်း တောင်သူများလက်ဝယ်သို့ ဖြန့်ဖြူး‌ပေးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဝင်းမောင်(ကျိုက်ထို)