ဗန်းမော်ခရိုင် Community Centre ခန်းမ၌ ပလတ်စတစ် ညစ်ညမ်းမှုအန္တရာယ်အကြောင်း သိကောင်းစရာ Talk Show  ဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဗန်းမော်ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပလတ်စတစ် ညစ်ညမ်းမှုအန္တရာယ်အကြောင်း သိကောင်းစရာ  Talk Show ကို ယနေ့နေ့လယ် ၂နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အားကစားနှင့် ပညာရေး ပေါင်းစပ်သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁)ရပ်ကွက်၊ ၇၃လမ်း၊ ၁၀၂(A)x၁၀၇ လမ်းကြားရှိ အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)၊ အားကစားခန်းမတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၀၈:၀၀နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်ပြုလုပ်ခဲ့သည်။

ကလောမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် မိုးရာသီ၌ ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ငှက်ဖျားရောဂါကြိုတင်ကာကွယ်နိုင်ရန် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၈ နာရီအချိန်က ကလောမြို့ပေါ်ရပ်ကွက်များအတွင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အောက် ကျောင်းသား/ကျောင်းသူများအား စတုတ္ထအကြိမ်မြောက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက်(၉)နာရီခွဲအချိန်က အခြေခံပညာ အလယ်တန်း ကျောင်း (ပြည်ကြီးမဏ္ဍိုင်) ကျောင်း၌ စတုတ္ထအကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

နမ္မတူမြို့တွင် အ.မ.က(၉)ကျောင်း၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က အမှတ်(၉) အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ဧက(၁၇၅၀၁)ဧက စိုက်ပျိုးပြီးဖြစ်၍ လျာထားချက်၏(၂၆.၈၅) ရာခိုင်နှုန်းပြီးစီး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ပြည်သူများ ဒေသဝမ်းစာ စပါးဖူလုံစေရေးအတွက် ၂၀၂၃ ခုနှစ်အတွင်း မိုးစပါးစိုက်တောင်သူများအနေဖြင့် စိုက်ဧက(၆၅၂၄၂) စိုက်ပျိုးနိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လျာထားလျက်ရှိပြီး ဇွန်လ(၁၆)ရက်နေ့အထိ မိုးစပါး (၁၇၅၀၁)ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၂၆.၈၅)ရာခိုင်းနှုန်း စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး FDA နှင့်ပူးပေါင်းအဖွဲ့များ ပေါက်ခေါင်းမြို့မဈေးကြီးအတွင်းရှိ ပဲသွေး၊ ပဲပြားနှင့်သွေးခဲအမျိုးမျိုးရောင်းချသည့်ဆိုင်များအား စစ်ဆေး

ပဲခူးတိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ ပေါက်ခေါင်းမြို့နယ်အစားအ‌သောက်နှင့်ဆေးဝါးကွပ်ကဲရေးကော်မတီနှင့် ပူးပေါင်းအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ပေါက်ခေါင်းမြို့မစည်ပင်သာယာဈေးကြီးအတွင်း ဈေးဆိုင်များတွင်ရောင်းချနေသည့်အစားအစာများတွင် တာရှည်ခံဆေးများ အသုံးပြုရောင်းချခြင်းရှိ/မရှိနှင့်သတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အကြောင်း သိကောင်းစရာ Talk Show ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာအကြောင်း သိကောင်းစရာ Talk Show ကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community center) ၌ ကျင်းပခဲ့သည်။

နမ္မတူမြို့နယ် အ.မ.က (၉)၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်  တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီ အချိန်က အမှတ်(၉) အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
Subscribe to