ထားဝယ်မြို့တွင် ပဥ္စမအကြိမ် ထားဝယ် အမျိုးသားနေ့ အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ပဥ္စမအကြိမ် ထားဝယ်အမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ ဟိုတယ်(ထားဝယ်)၌ ကျင်းပသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ဟိုပုံးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၇) ရှိ ရွာသစ်တပ်ဦးကျောင်းတိုက်တွင်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၇)ရှိ ရွာသစ်တပ်ဦး ကျောင်းတိုက်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယနေ့နံနက် (၉) နာရီက ကျင်းပခဲ့သည်။

စလင်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိဌာနဆိုင်ရာများမှ ဖောင်းလင်းကျေးရွာ တောင်သူများစိုက်ပျိုးထားရှိသည့် ငရုတ်၊ နေကြာ၊ ဝါ၊ ကြက်သွန်နီများ အောင်မြင်ဖြစ်ထွန်းမှု ကွင်းဆင်း ကြည့်ရှု

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဆင်ဖြူကျွန်းဒေသတွင် စိုက်ပျိုးထားရှိသည့် ဝါ၊ ငရုတ်၊ နေကြာ၊ ကြက်သွန်နီ စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဖောင်းလင်းကျေးရွာအုပ်စုနှင့် ဆင်ဖြူကျွန်းမြို့ သရက်ချဉ်ကျေးရွာအုပ်စု သစ္စာမြိုင်ကွက်သစ်ရပ်ကွက်တွင် စိုက်ပျိုးထားသည့် ကြက်သွန်နီခင်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်မြတ်သူများအသင်း (Book Club) တို့ ပူးပေါင်း၍ စာရေးဆရာ မောင်မိုးယံ၏ လူငယ်နှင့်.. (အနာဂတ်ဘဝမြှင့်တင်ရေးဆောင်းပါးများ) စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ (Community Centre)၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နမ္မတူမြို့နယ် မြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများပူးပေါင်း၍ မြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို  ယနေ့နံနက် (၉)နာရီအချိန်က နမ္မတူမြို့နယ် မြို့မဈေးကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ် ပ/ဂွေးချိုကျေးရွာတွင်  မိုးစပါးများ စတင် ရိတ်သိမ်း

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် ၁၀နာရီခွဲအချိန်က ပ/ဂွေးချိုကျေးရွာ ကွင်းအမှတ် (၈၇၃/က)  တောင်သူဦးဝင်းဆင့် ၏  လယ်မြေတွင် ကျင်းပခဲ့သည်။

နောင်ချိုမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်၉:၀၀နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ပံတန်းမြို့တွင် လူငယ် အသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှကြီးမှူး၍ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် သက်ငယ်မုဒိန်းပပျောက်ရေး၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာသိကောင်းစရာ လူငယ် အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင်ကျင်းပခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် ရွှေပြည်သာမြို့နယ် အမှတ်(၁၆) ရပ်ကွက်၌ ဆီ နှင့်ကြက်ဥများ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ရွှေပြည်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန်၊ ဆီနှင့်ကြက်ဥများကို ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ် အမှတ်(၁၆) ရပ်ကွက်ရှိ ပြည်သူများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
Subscribe to