ဒေးဒရဲမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ဉာဏ်စမ်းပ​ဟေဠိပြိုင်ပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များပြသ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲ​​မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများ စာပေ လေ့လာဖတ်ရှုမှု ပိုမိုတိုးတက်စေရေးနှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်စေရေးအတွက် အခြေခံပညာမူလတန်းအဆင့် ​ဉာဏ်စမ်းပဟေဠိပြိုင်ပွဲအား ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဖြူးမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးရာတွင် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးဧကပေါင်း (၄၆၄၅ဝ)ဧကရှိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ​ဖြူးမြို့နယ်အတွင်း မိုးစပါး လျာထားချက်ပြည့်မီစွာ စိုက်ပျိုး နိုင်ရေး မျိုးစေ့ချကရိယာဖြင့် စိုက်ပျိုးရာမှာ  စိုက်ပျိုးဧကပေါင်း (၄၆၄၅၀)ဧကရှိ၍ ကျန်ရှိသည့် ကျေးရွာများ ဆက်လက်စိုက်ပျိုးနိုင်ရေး ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က မင်းလမ်းကူး ကျေးရွာအုပ်စု၊ ရေအိုးစင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  တောင်သူများနှင့်  တွေ့ဆုံဆွေးနွေး အသိပညာပေးခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာမူလတန်း(မူလွန်) (ကန်ဒူး)ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ကျဆင်းခဲ့သော ပြည်သူလူထု၏ လူမှုစီးပွားဘဝနှင့် နိုင်ငံတော်၏စီးပွားရေးအခြေအနေကို ပြန်လည်မြှင့်တင်နိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများထုတ်ချေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်စီစဉ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ကျဆင်းခဲ့သော ပြည်သူလူထု၏ လူမှုစီးပွားဘဝနှင့် နိုင်ငံတော်၏  စီးပွားရေအခြေအနေကို ပြန်လည်မြှင့်တင်နိုင်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများ ထုတ်ချေးခြင်းအခမ်းအနားကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်ပပြုလုပ် ခဲ့သည်။

လပွတ္တာမြို့၌ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်း

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မိုးရာသီကာလ မြို့တွင်းလမ်းမများ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ် မြောင်းများ၊ ရေဆိုးရေညစ်မြောင်းများကို ယနေ့ နံနက်ပိုင်းက စက်ယန္တရားများ၊ လူအင်အားဖြင့် ဖော်ထုတ် ရှင်းလင်းပေးလျက်ရှိကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ် အ.လ.က(၃)ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို အ.လ.က(၃)ကျောင်းတွင် ယနေ့နံနက်လည်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မိုးညှင်းမြို့၌ အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲကျင်းပ

မိုးညှင်းမြို့၌ အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲကျင်းပ မိုးညှင်း ဇွန် ၁၆ ရွှေမိုးညှင်း(ပြန်/ဆက်)

တောင်ဥက္ကလာပမြို့နယ် အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းဝတ်စုံများ လာရောက်လှူဒါန်းပေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်းတွင် ယနေ့နံနက်(၁၁:၀၀)နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများ လာရောက်လှူဒါန်းပေးကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုသတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို သတင်းစကားလက်ကမ်းစာစောင်အား ယနေ့ မွန်းလွဲ(၂)နာရီအချိန်က အ.ထ.က(ခွဲ)ညောင်လေးပင်နှင့် လူစည်ကားရာနေရာများ၌ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
Subscribe to