နမ္မတူ ဇွန် ၁၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို နမ္မတူမြို့နယ်ရုံးရှိ ဝန်ထမ်းများက ယနေ့မွန်းလွဲ (၁)နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ဖြန့်ဝေဆောင်ရွက်ရာတွင် မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင် တိုက်ဖျက်ရေး၊ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်ရေး၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒများ၊ “မူးယစ်ဆေးဝါး တို့ရှောင်ရှား” ကဗျာ၊ “မူးယစ်အန္တရာယ် ပြည့်ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းဆက်၊ မူးယစ်ကိုပစ် ပန်းတိုင်သစ် စိတ်သစ် လူသစ် ဘဝသစ်” ဆောင်ပုဒ် စသည့်အကြောင်းအရာများ ပါဝင်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် စောင်ရေ (၄၅၀)စောင်အား အမှတ် (၁)၊ (၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း၊ အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အမှတ် (၉) အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့်၊ မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းအားလုံးသို့ ရောက်ရှိစေရေး မြို့နယ်ပညာရေးမှူးရုံးသို့လည်းကောင်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)