အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းဆင်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၊ စုဝေးခန်းမ၌ ယနေ့ နံနက်(၁၀)နာရီက အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု သင်တန်းများ ဖြစ်သည့် လေအေးပေးစက် (aircon) မွမ်းမံထိန်းသိမ်းခြင်းသင်တန်း၊ အခြေခံကွန်ပျူတာ ကျွမ်းကျင်မှု သင်တန်း၊ အိမ်တွင်းနေ့စဥ်သုံး လျှပ်စစ်ပစ္စည်း ပြုပြင်ထိန်းသိမ်းခြင်းသင်တန်းနှင့် အခြေခံလူသုံးကုန်ထုတ်လုပ်မှု (ရေမလိုလက်သန့်ဆေးရည်၊ ခေါင်းလျှော်ရည်နှင့် ဆပ်ပြာအမျိုးမျိုးပြုလုပ်ခြင်း) သင်တန်းများ ဆင်းပွဲကျင်းပခဲ့သည်။

သီပေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများနှင့် မြို့ပေါ် ရပ်ကွက်များသို့ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်(၉)နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်တွင်အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနား ကိုယမန်နေ့ည‌နေပိုင်းက ပန်းကုန်းမွန်ကျေးရွာ သာယာကုန်းတိုက်ကျောင်း၌ ပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ ထက်မြက် လာစေရန်၊ စဥ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်သည့် လူတော်၊ လူကောင်းများ ပေါ်ထွက်လာစေရန်   ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုးမောက်မြို့၌ မူးယစ်ဆေးဝါးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ မြို့နယ်ဥပဒေရုံး၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး ဆောင်ရွက်

ပြည်သူများအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာများအား ကျယ်ပြန့်စွာ သိရှိနားလည်စေရေးနှင့် သိရှိပြီးသော အသိပညာများအား မိသားစုများနှင့် နေထိုင်ရာ ပတ်ဝန်းကျင်သို့ ပြန်လည်မျှဝေနိုင်ရေးကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ယနေ့နံနက် (၉)နာရီ အချိန်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေး ပိုစတာ များအား နံရံကပ်ဘုတ်တွင် ပြသဆောင်ရွက်သည်။

ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးကြိုချည်မျှင်ရှည်ဝါအထူးအတွက်တိုးဇုန် (Pilot Area) ပန်းတိုင်အထွက်ရရှိရေး ကွင်းသရုပ်ပြပွဲ ကျင်းပ

ပျော်ဘွယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်၍ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးကြိုချည်မျှင်ရှည်ဝါ အထူးအထွက် တိုးဇုန် (Pilot Area) ပန်းတိုင် အထွက်ရရှိရေး ကွင်းသရုပ်ပြပွဲကို ဇွန်လ (၁၆) ရက်၊ နံနက် (၉) နာရီက ရန်အောင်ကျေးရွာအုပ်စု၊ ပင်းစုကျေးရွာ၊ ကွင်းအမှတ် (၇၆၇) ဝါသီးနှံ စိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ညောင်လေးပင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စားသုံးသူရေးရာကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စားသုံးသူရေးရာကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မန္တလေးလမ်း၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့သည်။

မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)" ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်း" သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)"၂၀၂၃-၂၀၂၄ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်း" သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ကာမိုင်းမြို့၌ ပန်းချီပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ပန်းချီပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယ​နေ့ နံနက် (၉)နာရီက လူထုအခြေပြုခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to