တောင်ငူမြို့၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ပြည်သူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

တောင်ငူ ဇွန် ၁၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးက ပြည်သူများစာဖတ်သည့် အလေ့အထများရှိလာစေရန်၊ စာပေကိုလက်လှမ်းမီစွာဖတ်ရှု့လေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ ကြွယ်ဝလာပြီး အမှန်နှင့်အမှားကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ရွေ့လျား‌စာကြည့်တိုက်မော်တော်ယာဥ်ဖြင့် စာအုပ်စာစောင်များကို ပြည်သူများ လက်ဝယ်အရောက် သွားရောက်ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက တောင်ငူခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံး၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းနှင့်  မြို့နယ်စည်ပင်သာယာရေးရုံးသို့ သွားရောက်ငှားရမ်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများအား သုတ၊ ရသစာအုပ်များကို (၁)ကြိမ်လျှင် (၂)ပတ်ကြာအထိ အခမဲ့ငှားရမ်းပေးပြီး ၊အသင်းဝင်ရောက်လိုသူများကိုလည်း အသင်းဝင်ကတ်ပြားများရရှိရေးအတွက် ဆောင်ရွက်ပေးကြောင်း၊ ဌာနဆိုင်ရာရုံးများနှင့် အခြေခံပညာကျောင်းများသို့ အလှည့်ကျစနစ်ဖြင့် စာအုပ်စာစောင်များ လှည့်လည်ငှားရမ်း ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ ဆက်)