ပန်းချီပြိုင်ပွဲနှင့် မူးယစ်ဆေးဝါးနံရံကပ်ပြပွဲဆောင်ရွက်

ငါးသိုင်းချောင်း မေ ၁၆

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၁) နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မူးယစ်နံရံကပ်ပြပွဲနှင့် ပန်းချီဆွဲပြိုင်ပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပန်းချီပြိုင်ပွဲတွင် ငါးသိုင်းချောင်းမြို့၊ ရွှေတောင်လမ်း ယုံဝမ်မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၀)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများနှင့် ပါဝင်ယှဥ်ပြိုင်သူများကို ဆုလက်ဆောင်များချီးမြှင့်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ဇင်မီမီဝင်းက ကျောင်းသား/သူများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)