သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်တန်းကျောင်းဖွင့်ပွဲ အခမ်းအနားသို့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး တက်ရောက်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် စာရင်းကိုင်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်စေရန်နှင့် သင်တန်းသားများအနက် ထူးချွန်သူများကို ရွေးချယ်၍ သမဝါယမကောလိပ်များနှင့် သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်များသို့ ပေါင်းကူး၍ ပညာဆက်လက်သင်ယူနိုင်သည့် အခွင့်အလမ်းများ ဖန်တီးပေးရန် ရည်ရွယ်၍ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်ကန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်တန်းကျောင်းဖွင့်ပွဲ အခမ်းအနားကိုဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းက သက်မွေးပညာ သင်တန်းကျောင်းခန်းမ(ရာမညဆောင်)၌ ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးမျိုးဆွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက် ခဲ့သည်။