ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းခြင်း လုပ်ငန်းများဆောင်ရွက်

ဖြူး ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းကစတင်ကာ ကျန်းမာရေးဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းရာတွင် မိုးဦးကာလရောက်လာသည်နှင့်အမျှ ခြင်ပေါက်ပွားမှုများပိုမိုများပြားလာခြင်းကြောင့် ခြင်ပေါက်ပွားနိုင်သည့်အမြဲတမ်းရေလှောင်အသုံးပြုသည့် ပန်းအိုး၊ ရေအိုး၊ ရေခွက်၊ ရေကန်းများအား ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခြင်း၊ အဘိတ်(Abate)ဆေးခတ်ခြင်းများကို မြို့ပေါ်ရပ်ကွက်များနှင့် အ​ခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခြင်ကိုက်​ခြင်းကြောင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်ရေးသည် စဥ်ဆက်မပြတ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီဌာနမှ သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)