မလှိုင်မြို့နယ် ကျင်းရွာကျေးရွာ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အုပ်ဖိုကန်ကျေးရွာအုပ်စု၊ ကျင်းရွာကျေးရွာ ဒေသခံပြည်သူများ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်အတွင်းရှိ ဦးတည်အုပ်စုပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်းရှိ ဦးတည်အုပ်စုပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Doses ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံပေးခြင်းနှင့် Phase-17 ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက စုရပ်များ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

မိုင်းရှူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် (Grade-5) သင်ရိုးသစ်နှင့် အလယ်တန်းဆင့် (Grade-9) သင်ရိုးဟောင်း စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ခရိုင်အဆင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် (Grade-5) သင်ရိုးသစ်နှင့် အလယ်တန်းဆင့် (Grade-9) သင်ရိုးဟောင်း စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ လားရှိုးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများအား လှူဖွယ်ဝတ္တုပစွည်းနှင့် နဝကမ အလှူငွေများဆက်ကပ်

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည်နိုဝင်ဘာလက လားရှိုးမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများအား သွားရောက်ကာ လှူဖွယ်ဝထ္ထုပစ္စည်းများနှင့် နဝကမအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြကြောင်း သိရသည်။

အင်တောမြို့၌ ရှမ်းနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲကျင်းပ

ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက် ရှမ်းသက္ကရာဇ် ၂၁၁၇နှစ်ကို ကြိုဆိုသောအားဖြင့် ရှမ်းနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့၊ အမှတ်(၁)ရပ်ကွက် ရှမ်းစာပေယဉ်ကျေးမှုကျောင်းကွင်း၌ ယမန်နေ့ ညနေ၅နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ကံမမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးတိုးတက်ရေး အင်ဘက်တောကျေးရွာမှ ပြည်သူများနှင့် တွေ့ဆုံ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်ဘက်တောကျေးရွ ာအုပ်စုမှ ပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားက ယမန်နေ့နံနက် (၁၀)နာရီက အင်ဘက်​​တောကျေးရွာ ဘုန်းတော်​​​​ကြီးကျောင်းဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်း​​ဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ကျေးရွာနေ ပြည်သူများ တက်ရောက်ကြသည်။

အောင်လံမြို့၌ တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်လာခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး အောင်လံခရိုင်၊ အောင်လံမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျောင်နိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းက ရွာထောင်ရပ်ကွက် တာဂွတွင် မြို့အဝင်အထွက် မော်တော်ယာဉ်များအား တရားမဝင်ကုန်ပစ္စည်းများသယ်ဆောင်လာခြင်းရှိ/မရှိစစ်ဆေး ဆောင်ရွက်ခဲ့သည်။

မိုင်းငေါ့မြို့ အမှတ်(၃)တာလုံရပ်ကွက် ရှမ်းစာပေနှင့်ယဉ် ကျေးမှုခန်းမတွင် ရှမ်း နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၌ သက္ကရာဇ်၂၁၁၇ ခုနှစ် ရှမ်းနှစ်သစ်ကူး‌နေ့အထိမ်းအမှတ်အဖြစ်၊ အမှတ်(၃)တာလုံရပ်ကွက် ရှမ်းစာပေနှင့်ယဉ်ကျေးမှု၌ ယနေ့နံနက် (၉) နာရီ အချိန်ကကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to