မုဒုံမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) စာအုပ်စာစောင်နံရံကပ်ပြသပွဲဆောင်ရွက်

မုဒုံ     ဇွန်     ၁၆

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) စာအုပ်စာစောင်နံရံကပ်ပိုစတာပြသပွဲဆောင်ရွက်ခြင်းကို ယမန်နေ့က မွန်ပြည်နယ်၊ မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မိုးမိုးစန္ဒာထွန်းက မူးယစ်ဆေးဝါး၏ ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးသုံးစွဲမိစေသောအကြောင်းအရာများနှင့် ဆိုးကျိုးများကို ကျောင်းသား/ ကျောင်းသူများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် စာအုပ်စာစောင်များ၊ နံရံကပ်ပိုစတာများကို ခင်းကျင်းပြသထားရာ ကျောင်းသား/သူများက စိတ်ဝင်တစားလေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)