ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ သွေးတိုး၊ ဆီးချိုရောဂါ(အခမဲ့)ကြည့်ရှုကုသပေး
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ပြည်သူများတွင်အဖြစ်များတတ်သော သွေးတိုး၊ ဆီးချိုရောဂါ(အခမဲ့)ကုသပေးလျက်ရှိရာ ယနေ့နံနက်(၁၀:၀၀)နာရီအချိန်၌ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ ဒေသန္တရကျန်းမာရေးဆေးပေးခန်းတွင် ကုသပေးကြောင်းသိရသည်။