ညောင်ဦးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ညောင်ဦး ဇွန် ၁၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူပေါင်းပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင် ပြသခြင်းနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပခြင်းကို ဇွန် ၁၆ ရက်၊ နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာ အထက်တန်းကျောင်း (ညောင်ဦး) ရှိ ပန်းမျိုးတစ်ရာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်စန်းယုမော် (လက်ထောက် ညွှန်ကြားရေးမှူး)က ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ ခေါင်းစဉ်ဖြင့် ပလတ်စတစ်များ သုံးစွဲမှုများပြားခြင်း ကြောင့် မြေထုညစ်ညမ်းမှု၊ လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှုများအား ပညာပေးဟောပြောဆွေးနွေးသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်သူဇာစိုး (ဦးစီးအရာရှိ) က မူးယစ်အန္တရာယ် ပြည့်ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းဆက်ခေါင်းစဉ်ဖြင့် မူးယစ်ဆေးသုံးစွဲခြင်းကြောင့် နိုင်ငံ့သားကောင်းရတနာ ကျောင်းသားကျောင်းသူများ မူယစ်ဆေးကြောင့် မပျက်စီးစေရေးနှင့် ဆေးလိပ်၊ ကွမ်းမှ အစ စမ်းသပ်မသုံးဆွဲကြရန် ဆွေးနွေးဟောပြောကာ ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုးက စားသုံးသူ အကာကွယ်ပေးရေး၊ ကုန်အညွှန်း အမှတ်တံဆိပ်တို့အား ဟောပြောဆွေးနွေးခဲ့ကြသည်။ ပြီးနောက် ကျောင်းသားကျောင်းသူများမှ သိရှိလိုသည့် မေးခွန်းများ‌ မေးမြန်းကြကာ ပြန်လည်ဆွေးနွေးဖြေပေးကြသည်။ ဆက်လက်၍ ကျောင်းသား ကျောင်းသူများ နံရံကပ်စာစောင်ပြသခြင်းနှင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း