မိုင်းခတ် ဇွန် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုင်းခတ်မြို့၊ အောင်မိုးဟိန်းလမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ယူ၍ ယနေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလမ်းသည် မိုင်းခတ်မြို့ ကုတင် (၅၀)ဆံ့ ပြည်သူ့ဆေးရုံသို့ သွားရာလမ်းဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ခွင့်ပြုရန်ပုံငွေ ကျပ် ၂၅.၄၂၆ သန်းဖြင့် လမ်းအရှည် ၃၀၀ ပေ၊ အကျယ် ၁၈ ပေ၊ ထုထည် ၆ လက်မရှိသည့် အောင်မိုးဟိန်းလမ်းအား မိုင်းခတ်မြို့နယ် စည်ပင်သာယာရေးဌာနက တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။
မြို့နယ်စည်ပင်သာယာရေးဌာနအနေဖြင့် မြို့တွင်းသန့်ရှင်းသာယာလှပရေးနှင့် လမ်းများ စနစ်တကျဖြစ်စေရေး မြို့ပေါ်ရပ်ကွက်များအတွင်း လမ်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ အသုံးပြုသွားလာနိုင်ရေးတို့အတွက် စည်ပင်သာယာရေးဌာနမှ ဘဏ္ဍာရေးနှစ်အလိုက် နှစ်စဥ်လုပ်ငန်းများ လျာထားဆောက်ရွက်လျက်ရှိရာ အဆိုပါ အောင်မိုးဟိန်းလမ်းကွန်ကရစ်လမ်းခင်းခြင်းကို မိုင်းခတ်မြို့နယ် စည်ပင်သာယာရေးဌာန၊ တာဝန်ခံအင်ဂျင်နီယာ ဦးအောင်မြင့်မြတ်က အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)