သတင်းများ

တာချီလိတ်မြို့၌ (၁၇)ကြိမ်မြောက် အာခါတိုင်းရင်းသားများ စုပေါင်းခါးထောင်းဖားပွဲတော်အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ
Dec 06,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၁၇)ကြိမ်မြောက် အာခါတိုင်းရင်းသားများ စုပေါင်းခါးထောင်းဖားပွဲတော်အထိမ်းအမှတ် အာခါလူငယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မိုးလုံလေလုံအားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာန၊ မြစ်ဝကျွန်းပေါ်ဌာနခွဲသို့ အမှိုက်ပုံးများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Dec 06,2024
ရန်ကုန်မြစ်အတွင်း အမှိုက်များစွန့်ပစ်မှုမရှိစေရေး၊ မြို့တော်သန့်ရှင်းသာယာလှပစေရေး၊ ခရီးသွားပြည်သူများ စနစ်တကျ အမှိုက်စွန့်ပစ်နိုင်စေရေးအတွက် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာန၊ မြစ်ဝကျွန်းပေါ်ဌာနခွဲသို့ အမှိုက်ပုံးများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ဒီဇင်ဘာလ(၄)ရက်နေ့ ညနေ ၄ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(ရုံးချုပ်)၌ ကျင်းပသည်။
ပုဗ္ဗသီရိမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Dec 06,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုဗ္ဗသီရိမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်အတွင်း ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀  နာရီအချိန်က အေးမြင့်သာယာကျေးရွာအုပ်စု ဓမ္မာရုံ၌ ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အ.လ.က-ခွဲ(၁)ရပ်ကွက်ကျောင်းတွင် ကျောင်းသား/ကျောင်းသူများကို အသိပညာပေးဟောပြော၍ ရွေ့လျားစာကြည့်တိုက်ဆောင်ရွက်
Dec 06,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဆောင်ရွက်သည့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ရွေ့လျားစာကြည့်တိုက်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉နာရီက အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန် ကျောင်းခွဲတွင် ပြုလုပ်ခဲ့သည်။
နမ့်စန်မြို့တွင် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်း ဆောင်ရွက်
Dec 06,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ ရွေးချယ်ရေးဆိုင်ရာလုပ်ငန်းများကို ဒီဇင်ဘာ ၄ ရက်မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီက အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.က(နမ့်စန်)ဘောလုံးကွင်းအတွင်း ဆောင်ရွက်ခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်တွင်  စာလုံးပေါင်းသတ်ပုံအမှန် ရွေးခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲပြုလုပ်
Dec 06,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် Family ကိုယ်ပိုင်မူလတန်းကျောင်းတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ မြန်မာစာလုံးပေါင်းသတ်ပုံများကိုမှန်ကန်စွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ စာလုံးပေါင်းသတ်ပုံအမှန် ရွေးခြယ်ခြင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၁၀နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ လူငယ်ရေးရာအသိပညာပေးပွဲ ကျင်းပ
Dec 06,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်အတွင်းရှိ ဒေသခံကျောင်းသား လူငယ်များဗလငါးတန်နှင့် ပြည့်စုံပြီးအသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်  (၁၀) နာရီအချိန်က မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။
နမ့်စန်မြို့တွင် ရှမ်းအမျိုးသားနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 06,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရှမ်းအမျိုးသားနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၂ နာရီက နမ့်စန်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တပ်မတော်အရာရှိများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဌာနေပြည်သူ့စစ်အဖွဲ့ဥက္ကဋ္ဌများ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။