သတင်းများ

လက်ပံတန်း၌ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာတားဆီးကာကွယ်ရေး အသိပညာပေး Campaign ပြုလုပ်
Dec 06,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်မှုအသိပညာပေး Campaign ကို မြို့မဈေးနှင့် အ.ထ.က(၁)ကျောင်းတို့တွင် ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
ဖြူးမြို့နယ်အတွင်းရှိ ကျောင်းမုန့်ဈေးဆိုင်များအား ကျန်းမာရေးနှင့် ညီညွတ်စွာ ရောင်းချမှုရှိ/မရှိ စစ်ဆေး
Dec 06,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ဝယ်ယူ စားသုံးသည့် မုန့်ပဲသွားရည်စာများ ရောင်းချသည့် ကျောင်းမုန့်ဈေးဆိုင်များအား ကျန်းမာရေးနှင့် ညီညွတ်စွာ ရောင်းချမှုရှိ/မရှိအခြေအနေများအား ဒီဇင်ဘာလ(၄)ရက်နေ့ မွန်းလွဲပိုင်းက ဖြူးမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် ဖြူးအရှေ့ကျေးရွာအုပ်စု၊ နတ်ရေကန်ကျေးရွာ မူလတန်းလွန်ကျောင်းတို့တွင် စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင်းမှ ပြည်သူများအား စားအုန်းဆီဝယ်ယူခွင့် လက်မှတ်များထုတ်ပေး
Dec 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စားအုန်းဆီများ ဈေးနှုန်းချိုသာသော ရည်ညွှန်ဈေးဖြင့် ဝယ်ယူနိုင်ရေးအတွက် ဘိုကလေးမြို့ပေါ် ရပ်ကွက်များတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ စားအုန်းဆီဝယ်ယူခွင့်လက်မှတ်များ ထုတ်ပေးလျက်ရှိသည်။
နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအခွင့်အရေးလိုင်စင်များ  လေလံတင်ရောင်းချရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်
Dec 06,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးရေးအဖွဲ့ရုံးခန်းမတွင် ပြုလုပ်ကြောင်း သိရသည်။    
ကျိုင်းတုံမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အခမ်းအနားကျင်းပ
Dec 06,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဒိန်းမတ်နိုင်ငံ ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ကျန်းမာပြီး ကြံ့ကြံ့ခံနိုင်စွမ်းရှိသော ရပ်ရွာလူထု ဖြစ်ပေါ်လာစေရေန် တည်ဆောက်ခြင်းစီမံချက်မှ ပြုလုပ်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့က မြို့နယ်စည်ပင်သာယာခန်းမတွင် ကျင်းပသည်။
အိမ်မဲမြို့နယ် တကောကျေးရွာတွင် ဆောင်းနေကြာ (၅)ဧက စံပြစိုက်ခင်း မျိုးစေ့ချပွဲကျင်းပ
Dec 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ တကောကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ မြို့နယ်သမဝါယမအသင်းစုမှ စားသုံးဆီဖူလုံစေရေးအတွက်ရည်ရွယ်ပြီး ဆောင်းနေကြာ(၅)ဧက စံပြစိုက်ခင်း မျိုးစေ့ချပွဲအခမ်းအနားအား ယမန်နေ့နံနက်(၈)နာရီ (၃၀)မိနစ်အချိန်တွင် ကျင်းပခဲ့သည်။
ဆိပ်ဖြူမြို့နယ် သန့်ရှင်းသာယာလှပရေးနှင့် လမ်းအန္တရာယ်ရှိ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းဆောင်ရွက်
Dec 06,2024
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့၊ အနော်ရထာလမ်းမကြီးဘေးဝဲယာ သန့်ရှင်းသာယာလှပရေးနှင့်ဒေသခံပြည်သူများ၊ ခရီးသွာပြည်သူသူများ အလမ်းအန္တရာယ်ဖြစ်ပေါ်စေနိုင်သည့် သစ်ပင်/သစ်ကိုင်းများရှင်းလင်းခြင်းကို ယနေ့နံနက် ၇ နာရီက ဆောင်ရွက်သည်။
ကျိုက်လတ်မြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများဆက်လက်ဆောင်ရွက်
Dec 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ပွင့်လင်းရာသီကာလ မီးလောင်မှုများ မဖြစ်ပွားစေရေးနှင့် မီးလောင်မှုများဖြစ်ပွားလာပါက အချိန်မီမီးငြှိမ်းသတ်နိုင်ရေး ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။