သတင်းများ

ကိုင်းကျေးရွာအုပ်စု ကွင်းအမှတ်- ၂၂၆၈ တွင် မိုးစပါး (YSR-1) စံကွက်ရိတ်သိမ်းပွဲ ကျင်းပ
Dec 06,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကိုင်းကျေးရွာအုပ်စု၊ ကိုင်းကျေးရွာရှိ ကွင်းအမှတ်-၂၂၆၈ တောင်သူ ဦးသာဩ၏ မိုးစပါး (YSR-1) မိုးစပါး စံကွက်ရိတ်သိမ်းပွဲကို၊ ယနေ့နံနက် (၁၀) နာရီက အဆိုပါကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအမှတ် (၃) ရပ်ကွက်သို့ Mobile  စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း
Dec 06,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်/စာစောင်များငှားရမ်းပေးခြင်းကို  ယနေ့နံနက် ၁၁ နာရီအချိန်က  လိပ်သိုမြို့ အမှတ်(၃) ရပ်ကွက်သို့  သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ကွန်ဟိန်းမြို့၊(နမ့်ကုန်) အခြေခံပညာမူလတန်းကျောင်း၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်
Dec 06,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ (နမ့်ကုန်) အခြေခံပညာမူလတန်းကျောင်း၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။
လှည်းကူးမြို့နယ်၌ စျေးမီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှုဆောင်ရွက်
Dec 06,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် စျေးမီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုကို ဒီဇင်ဘာလ(၄)ရက်နေ့  မွန်းလွဲ (၂) နာရီက လှည်းကူးမြို့မဈေး(မင်္ဂလာ)ခန်းမတွင် ကျင်းပကြောင်း သိရသည်။
ကော့ကရိတ်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 06,2024
ကျောင်းသား/ ကျောင်းသူများ ယာဥ်အန္တရာယ်ကင်းရှင်းစေရေး၊ အထွေထွေဗဟုသုတများနှင့် သိသင့်သိထိုက်သော စည်းမျဉ်းစည်းကမ်းအကြောင်းအရာများ နားလည်သဘောပေါက်နိုင်စေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ခန္တီးမြို့နယ်၌ မြို့နယ်အဆင့်လူရည်ချွန်စာမေးပွဲဖြေဆို
Dec 06,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခန္တီး)၊ ကျန်စစ်သားခန်းမ၌ ၂၀၂၄ ခုနှစ် မြို့နယ်အဆင့်လူရည်ချွန်စာမေးပွဲကို ဒီဇင်ဘာလ ၄ ရက်နေ့မှစတင်ဖြေဆိုလျက်ရှိရာ ခန္တီးမြို့နယ်အတွင်းရှိ ကျောင်းများဖြစ်သည့် အ.ထ.က(ခန္တီး)၊ အ.ထ.က(ဆင်သေ)၊ အ.ထ.က(ခွဲ)မြို့မ၊ အ.ထ.က(ခွဲ)နားမေတ္တာ၊ အ.လ.က(ဇီးဖြူကုန်း)ကျောင်းများမှ Grade-9 (၁၀)ဦး၊ Grade-10 (၄)ဦး၊ Grade-11 (၃)ဦး၊ Grade-12 (၄)ဦးစုစုပေါင်း ကျောင်းသား/သူ(၂၁)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
မိုင်းဆတ်ခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Dec 06,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ယနေ့ နေ့လယ် (၁၂) နာရီက ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်အောင်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှု အသိပညာပေးအစီအစဥ် ကျင်းပပြုလုပ်
Dec 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆) ရက်တာလှုပ်ရှားမှု ကျား/မ ရေးရာအခြေပြုအကြမ်းဖက်မှု GBV အသိပညာပေး အစီအစဥ်များကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ(၄)ရက်နေ့ နေ့လယ်က မြန်အောင်မြို့ ပရဟိတမြို့ရွှေကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။