သတင်းများ

ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းတွင် အိမ်သုံးလျှပ်စစ်ပစ္စည်းပြုပြင်ထိန်းသိမ်းခြင်းသင်တန်းဖွင့်လှစ်
Jul 06,2026
အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အိမ်သုံးလျှပ်စစ်ပစ္စည်းပြုပြင်ထိန်းသိမ်းခြင်းသင်တန်း၊ အမှတ်စဉ်(၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၆ရက် နံနက်ပိုင်းက မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန်(၂)၊ ၁၃၉ လမ်း၊ ၄၇ လမ်း × ၄၈ လမ်းကြားရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မန္တလေး)၌ ကျင်းပသည်။
ကျောက်ပန်းတောင်းမြို့နယ်၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံ မီးသတ်ပညာသင်တန်းဖွင့်
Jul 06,2026
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ကျောက်ပန်းတောင်းမြို့နယ်၌ ပြည်ထဲရေးဝန်ကြီးဌာန မြို့နယ်မီးသတ်ဦးစီး ဌာနမှူးရုံးမှကြီးမှူးဖွင့်လှစ်သည့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၆ ရက် နံနက် ၉ နာရီက ဈေးကွက်သစ်ရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမတွင် ပြုလုပ်သည်။
မိတ္ထီလာမြို့နယ်၌ လူငယ်ရဲ့ဘဝနှင့် တန်ဖိုးခေါင်းစဉ်ဖြင့် လူငယ်စာဖတ်ဝိုင်းကျင်းပ
Jul 06,2026
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ လူငယ်ရဲ့ဘဝနှင့် တန်ဖိုးခေါင်းစဉ်ဖြင့် လူငယ်စာဖတ်ဝိုင်းကို ဇူလိုင် ၆ ရက် နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။
ဘားအံမြို့၌ ရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်းဖွင့်
Jul 06,2026
ဥပဒေရေးရာဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသော ပြည်သူ့အတွက် ကြိုးပမ်းမှုလုပ်ငန်းစဉ်များတွင်ပါဝင်သည့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း(TOT) ဖွင့်ပွဲကို ဇူလိုင် ၆ ရက် နံနက် ၈ နာရီက ဘားအံမြို့ လူငယ်စင်တာ၌ကျင်းပရာ ပြည်နယ်ဥပဒေချုပ် ဒေါ်နော်သန်းသန်းငြိမ်း တက်ရောက်အမှာစကားပြောကြားသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အပေါ် ပြည်နယ်အဆင့်ဌာနဆိုင်ရာများအားထပ်ဆင့်ရှင်းလင်းပြောကြား
Jul 06,2026
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အပေါ် ထပ်ဆင့်ရှင်းလင်းခြင်းနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညောင်ဦးမြို့ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းဖွင့်
Jul 06,2026
မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ညောင်ဦးမြို့ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြို အခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၆ ရက် နံနက် ၉ နာရီခွဲက မင်းနန်သူကျေးရွာ နန်းမြင့်မျှော်စင်ခန်းမတွင် ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။
ပုလောမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး 
Jul 06,2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပုလောမြို့နယ်၊ သစ်တောဦးစီးဌာနမှ  မိုးရာသီသစ်ပင် စိုက်ပျိုးရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၆ ရက် နံနက်ပိုင်းက ပုလောမြို့၊အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌  ကျင်းပသည်။
ညောင်ဦးမြို့ ဧရာဝတီမြစ်ရေဝင်ရောက်မှု တာဝန်ရှိသူများကွင်းဆင်းကြည့်ရှု
Jul 06,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်သည် ၂၁၂၀ စင်တီမီတာရှိရာ ယနေ့နံနက် ၆ နာရီခွဲတွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ တိုင်းထွာချက်အရ  ၂၁၂၀ စင်တီမီတာရောက်ရှိရန်  ၇၂ စင်တီမီတာ (နှစ်ပေသုံး ဆယ်ခြောက်လက်မ)အလို ရောက်ရှိနေပြီး ဧရာဝတီမြစ်ရေဝင်ရောက်မှုအခြေအနေများအား ဇူလိုင် ၆ ရက် နံနက် ၁၀ နာရီခွဲက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။