သတင်းများ

လိပ်သိုမြို့တွင် ဒေသထွက်မျှစ်ချဉ်များ ရောင်းချ
Nov 18,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မျှစ်များကို တစ်နှစ်တာပတ်လုံး စားသုံးနိုင်ရန်နှင့် မျှစ်များရှားပါးလာချိန်၌ ရောင်းချနိုင်ရန် မျှစ်ချဉ်များ ပြုလုပ်သိုလှောင်ထားကြကြောင်း သိရသည်။
မိုင်းကိုင်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တက္ကသိုလ်တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးခြင်းဆောင်ရွက်
Nov 18,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများက တာဝန်ယူဖွင့်လှစ်သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် တက်ရောက်ကြမည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ မဲပေးခွင့်မဆုံးရှုံးစေရေးကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှစ၍ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ စတင်ကျင်းပပြုလုပ်ခဲ့သည်။
သန်လျင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ
Nov 18,2025
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
အောင်လံမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲအခမ်းအနား ကျင်းပ
Nov 18,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက အောင်လံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရပ်စောက်၌ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းပြုလုပ်
Nov 18,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ကျောင်းသားလူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရန်အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သံတောင်မြို့တွင် ရော်ဘာများဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိ    
Nov 18,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ကုန်းတောင်တန်းများထူထပ်ပြီး သဘာဝမြေဩဇာများရှိသည့်အတွက် ဒေသခံပြည်များမှာ အများအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းပြုကြသည်။ သံတောင်မြို့ရှိဒေသခံပြည်သူများမှာလည်း အဓိကအားဖြင့် ရော်ဘာစိုက်ပျိုးခြင်းကို  အဓိကလုပ်ကိုင်ကြသည်။ ယခုအချိန်တွင် ရော်ဘာစိုက်ပျိုးလုပ်ကိုင်သောတောင်သူများသည် အစေးလှီးခြင်းနှင့် ရော်ဘာပြားများထုတ်လုပ်ခြင်းလုပ်ငန်းများကို လုပ်ကိုင်နေပြီး လိုအားကောင်းကာ ဈေးကောင်းရရှိလျက်ရှိ‌ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ် အခြေခံပညာအထက်တန်း (ကျောက်တံခါး) ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Nov 18,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဗလငါးတန်းပြည့်စုံစေရေးတို့အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်း (ကျောက်တံခါး)ကျောင်း ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲ ၁၄၃၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်
Nov 18,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲ ၁၄၃၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။