သတင်းများ

ဘီးလင်းမြို့နယ်ရုံး Community Centre ခန်းမ၌ လူကုန်ကူးမှုအကြောင်းအသိပညာပေးဟောပြောပွဲပြုလုပ်
Dec 06,2024
မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်၌ လူကုန်ကူးမှုအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ကျွန်းလှမြို့နယ်၌ ‌၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ လူရည်ချွန်ရွေးချယ်ရေးကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေး
Dec 06,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ လူရည်ချွန်ရွေးချယ်ရေးအတွက် ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းကို ယနေ့နံနက် (၈) နာရီက ရွှေကျွန်းမြေဘောလုံးကွင်း၌ ကျင်းပသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း အခွန်အရပ်ရပ် တိုးတက်ကောက်ခံရရှိရေးနှင့် ပြေစာအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ဆောင်ရွက်ရမည့် လုပ်ငန်းများမှ အခွန်တိုးတက်ကောက်ခံရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်
Dec 06,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းဦးဆောင်၍ တိုင်းဒေသကြီးအတွင်း အခွန်အရပ်ရပ်တိုးတက်ကောက်ခံရရှိရေးနှင့် ပြေစာအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ဆောင်ရွက်ရမည့်လုပ်ငန်းများမှ အခွန်တိုးတက်ကောက်ခံရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်သည်။
မင်းလှမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် လူရည်ချွန် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေး
Dec 06,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊မင်းလှမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအလယ်တန်း၊ အထက်တန်းမြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲတွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ယနေ့နံနက်(၇)နာရီက မြို့နယ် အောင်တံခွန်အားကစားကွင်းအတွင်း၌ ကျင်းပသည်။
ကြံခင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်းသီးနှံ(ဆီထွက်) သွင်းအားစုနှင့်မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်
Dec 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်းသီးနှံ(ဆီထွက်) သွင်းအားစုနှင့်မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်သည်။
ပွင့်လင်းရာသီ‌ ရောက်ရှိလာတော့မည်ဖြစ်၍ မင်းတုန်းမြို့ စည်ပင်သာယာဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်
Dec 06,2024
ပွင့်လင်းရာသီ‌ရောက်ရှိလာတော့မည်ဖြစ်၍ မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ စည်ပင်သာယာဈေးတွင် ယနေ့နံနက် ၉ နာရီက မီးဘေးအန္တရာယ်ကြိုတက်ကာကွယ်ရေးလုပ်ငန်းကို မီးသတ်ဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးကိုကိုခိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်မျိုးသိန်း၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် လျှပ်စစ်ဓါတ်အား ဖြန်ဖြူးရေးလုပ်ငန်း ဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ကျိုက်လတ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲကျင်းပ
Dec 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို)အဖြစ် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ခနောင်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ဖြူးမြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ကျင်းပ
Dec 06,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ပညာရည်ထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တကောင်းမွန်ခြင်းနှင့် စည်းကမ်းပြည့်ဝသူများ လေ့ကျင့်ပျိုးထောင်ရန်ရည်ရွယ်ပြီး ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကို ဒုတိယနေ့အဖြစ် အထွေထွေဗဟုသုတဘာသာရပ်ကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းကစတင်ကာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။