နမ့်စန်(တ) ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဆောင်ရွက်သည့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ရွေ့လျားစာကြည့်တိုက်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉နာရီက အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန် ကျောင်းခွဲတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာအောင်က ပလတ်စတစ်ဆိုးကျိုး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးတို့ကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများကို ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်များ အခမဲ့ငှားရမ်းခြင်း၊ စာဖတ်ဝိုင်းဆောင်ရွက်ပေးခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)