သတင်းများ

နွားထိုးကြီးမြို့နယ် Community Centre ခန်းမတွင် Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်
Feb 14,2024
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ ရွှေရောင်လွှမ်းတဲ့အခွင့်အလမ်း စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းပျဥ်းမြို့ ဝမ်ယန်းကျေးရွာ၌ သတင်းတု၊ သတင်းမှားကိစ္စများ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Feb 14,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် သတင်းတု၊ သတင်းမှားကိစ္စရပ်များ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီက ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်ယန်းကျေးရွာ ဘုန်းကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ညောင်ဦးမြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်
Feb 14,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများလျော့နည်း ကျဆင်းရေးနှင့် မီးခိုးမြူငွေ့ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းစဥ်များအတွက် မီးသတ်ဦးစီးဌာနအနေဖြင့် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင်လည်း လုပ်ငန်းများ ကွင်းဆင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
၂၀၂၄-ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲတွင် လာရောက်ပါဝင်ဆင်နွှဲသူများဖြင့် အထူးပင်စည်ကား
Feb 14,2024
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်ပန်းခြံ၌ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ညနေ (၆) နာရီအချိန်မှ ည (၁၀) နာရီ အချိန်အထိ ၂၀၂၄-ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ပွဲတော်တွင် အပန်းဖြေလာရောက်ကြသူများဖြင့် အထူးပင်ကြိတ်ကြိတ်တိုးစည်ကားခဲ့ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရှေးဟောင်းရေကန် ၄၆ ကန်အား ပြန်လည်တူးဖော် ထိန်းသိမ်းလျက်ရှိရာ ရဟန်းရှင်လူပြည်သူများအနေဖြင့် ပါဝင်လှူဒါန်းနိုင်
Feb 14,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ပုဂံခေတ်က ရေပေးဝေစနစ်များဖြင့် အသုံးပြုခဲ့သောရှေးဟောင်းရေကန် ၄၆ ကန်အား ပြန်လည်တူးဖော်ထိန်းသိမ်းလျက်ရှိရာ ရဟန်းရှင်လူပြည်သူများအနေဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲတာဝန်ရှိသူများထံက သိရသည်။
ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ သန်လျင်၌ ကျင်းပ
Feb 14,2024
၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဖေဖော်ဝါရီ (၁၂) ရက်နံနက်တွင် သန်လျင်ခရိုင်၊ သန်လျင်မြို့ သီဟဒီပအားကစားကွင်း၌ ကျင်းပသည်။
ကျုံပျော်မြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းအခမ်းအနားကျင်းပ
Feb 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အောင်ဆန်းရပ်ကွက်ရှိ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ နေ့လယ် ၂ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။