တာချီလိတ်မြို့၌ (၁၇)ကြိမ်မြောက် အာခါတိုင်းရင်းသားများ စုပေါင်းခါးထောင်းဖားပွဲတော်အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

တာချီလိတ် ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၁၇)ကြိမ်မြောက် အာခါတိုင်းရင်းသားများ စုပေါင်းခါးထောင်းဖားပွဲတော်အထိမ်းအမှတ် အာခါလူငယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မိုးလုံလေလုံအားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အာခါရိုးရာ ဘာသာထိန်းသိမ်းရေးဥက္ကဋ္ဌ ဦးချစ်ဂျေ့နှင့် တာဝန်ရှိသူများက ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားကာ ပြိုင်ပွဲကိုစတင်ခဲ့ပြီး ပြိုင်ပွဲကို ဒီဇင်ဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပပြုလုပ်ကာ ယှဉ်ပြိုင်ကစားမည့် အာခါတိုင်းရင်းသားလူငယ် အသင်း ၂၀ သင်းတွင် ဆုရရှိသည့် အသင်းများအား ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ကျင်းပမည့် (၁၇)ကြိမ်မြောက် အာခါတိုင်းရင်းသား စုပေါင်းခါးထောင်းဖားပွဲတော်တွင် ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)