သတင်းများ

မအူပင်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီးနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများ၌ တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ တွေ့ဆုံပွဲကျင်းပ
Dec 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အထွေထွေရောဂါကုဆေးရုံကြီး၌ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟနှင့် ကျန်းမာရေးဝန်ထမ်းများတွေ့ဆုံပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အထွေထွေရောဂါကုဆေးရုံကြီး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရေတာရှည်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်
Dec 06,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် အမှတ်(၄)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ငပုတောမြို့ မြို့မဈေးအတွင်း မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး လက်တွေ့သရုပ်ပြလေ့ကျင့်
Dec 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးများတွင် မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ လေ့ကျင့်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးအတွင်း ဆောင်ရွက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမင်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှအမှုဆောင်အရာရှိ ဦးစိုးဝဏ္ကဝင်းနှင့်ဝန်ထမ်းများ၊ တက်ရောက်ကြသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ စည်ပင်သာယာကျေးရွာ "လမ်းပြကြယ်" စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနား တက်ရောက်
Dec 06,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ စည်ပင်သာယာကျေးရွာ “လမ်းပြကြယ်”စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်ရှေ့၌ ကျင်းပရာ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စာရေးဆရာ/ ဆရာမများ၊ အလှူရှင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အောင်မြင်ဖြစ်ထွန်းနေသော ဆောင်းသီးနှံစိုက်ခင်းနှင့် မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုအားပေး
Dec 06,2024
ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံ၍ ပိုလျှံသည်များအား ဈေးကွက်သို့တင်ပို့ရောင်းချနိုင်ရန် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို တိုးမြှင့်စိုက်ပျိုးမွေးမြူထုတ်လုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ထုံးအိုင်တိုက်နယ်အတွင်းရှိ အောင်မြင်ဖြစ်ထွန်းနေသော ဆောင်းသီးနှံစိုက်ခင်းများနှင့် မွေးမြူရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ညောင်တုန်းမြို့နယ်တွင် အခြေခံလျှပ်စစ်သံဂဟေဆက်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Dec 06,2024
ဧရာတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအခြေခံလျှပ်စစ်သံဂဟေဆက်နည်းသင်တန်း(၂/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ထိပ်ဝကြီးကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်သည်။
စမ်းချောင်းမြို့နယ်တွင်  Pfizer  Grey Cap ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး  ထိုးနှံ
Dec 06,2024
ရန်ကုန်တိုင်းဒေသကြီး၊  အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌   Pfizer Grey Cap ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး booster dose ထိုးနှံ‌‌ပေးခြင်းကို ယမန်နေ့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေသတွင်း အသားစားသုံးမှုဖူလုံစေရေးအတွက် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကြက်နှင့် နွားမွေးမြူရေးခြံများအား ကွင်းဆင်းစစ်ဆေး၊ ဧရာဝတီရှုခင်းသာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် အင်ဂျန်းချောင်းဆုံနေရာအား ကွင်းဆင်းစစ်ဆေး
Dec 06,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့နယ်အတွင်း မွေးမြူရေးခြံများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။