သတင်းများ

ဒေးဒရဲမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVE)များ အသုံးပြု၍ လက်တွေ့စမ်းသပ်မဲ​ပေး​ခြင်းဆိုင်ရာ အသိပညာပေး သရုပ်ပြပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Feb 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVE) များဖြင့် လက်တွေ့စမ်းသပ် မဲပေးခြင်းဆိုင်ရာ အသိပညာပေး သရုပ်ပြပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ အသင်းအဖွဲ့များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သံတောင်ကြီးဒေသထွက် နနွင်းခြောက်များ ဈေးကောင်းရရှိ
Feb 14,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်မြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ ဒညင်းဖာလာပင်၊ ကွမ်းသီး စသည့်နှစ်ရှည်ပင်များကို အသက်မွေးဝမ်းမှုအဖြင့် အဓိက စိုက်ပျိုးလုပ်ကိုင်လျက် ရှိရာနနွင်းများစတင် တူးဖော်သည့် ဒီဇင်ဘာလပထမပတ်တွင် နနွင်းများယခင်နှစ်ထက်ဈေးနှုန်းအနည်း ငယ်ကျဆင်းသော်လည်း ယခု ဖေဖော်ဝါရီ လဒုတိယပတ်မှစပြီး နနွင်းခြောက်များဈေးကောင်းပြန်လည် ရရှိကြောင်း သိရသည်။
ဘိုကလေးမြို့နယ်မှ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး
Feb 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့တော်ခန်းမတွင် ယနေ့ နံနက်(၉)နာရီ ခွဲအချိန်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် မဲပေးပုံအား သရုပ်ပြခြင်းဆောင်ရွက်ခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အခမ်းအနားကျင်းပ ဆောင်ရွက်ခဲ့ သည်။
ရေနံချောင်းမြို့နယ်၌ ဆောင်းကြက်သွန်နီ စိုက်ဧက ၃၂၃၅ ဧက စိုက်ပျိုးပြီးစီး
Feb 14,2024
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆောင်းကြက်သွန်နီစိုက်ဧက ၃၀၇၉ ဧကလျာထားခဲ့ရာ ဇန်နဝါရီ ၃၁ ရက်နေ့အထိ ၃၂၃၅ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ကာ ၅၈၉ ဧက ရိတ်သိမ်းရာတွင် တစ်ဧကလျှင် ၃၆၃၆ ဒသမ ၃၇ ပိဿာထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ Pfizer ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ (၁၆၈)ဦး ထိုးနှံပြီးဖြစ်
Feb 14,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးများ ကူးစက်မှုမရှိစေရေး အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် စုရပ်အဖြစ်သတ်မှတ်၍ Pfizer (Original Strain) ကာကွယ်ဆေးများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ(၁၆)ရက်နေ့မှစတင်ပြီး ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် (၁၆၈)ဦး ထိုးနှံပြီးကြောင်း ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ သိရသည်။
ကသာမြို့၌ ၂၀၂၃-၂-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအတန်းများ နှစ်ဆုံးစာမေးပွဲ ဒုတိယနေ့ စိတ်အေးချမ်းသာစွာဖြေဆို
Feb 14,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအတန်းများအတွက် နှစ်ဆုံးစာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား/‌ ကျောင်းသူများ စိတ်အေးချမ်းစွာဖြင့် ယနေ့နံနက် (၉) နာရီအချိန်က စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းခရိုင်ရုံး (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့ဖြင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ
Feb 14,2024
စစ်ကိုင်းခရိုင်ရုံး (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့ဖြင့် ပူးပေါင်း၍ စာရေးဆရာ လင်းသိုက်ညွှန့် (မြန်မာ့မြေ) ၏ မင်္ဂလာရှိစွာ အောင်မြင်ခြင်း စာအုပ်စာဖတ်ဝိုင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့နယ် နွေးစပါးပန်းတိုင်အထွက်အနှုန်းရရှိရေး ကွင်းသရုပ်ပြပွဲသို့တက်ရောက်
Feb 14,2024
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းက ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက်၊ ကွင်းအမှတ် ၆၄၊ ဟုမ္မလင်းကွင်း၊ ​ဦးပိုင်အမှတ်-၃၇၊ ​တောင်သူ ဦးသန်းဝင်း၏ နွေစပါး တင်း (၁၂၀) အထက် ထွက်ရှိ​ရေး စံပြကွက် (၁၀) ဧက ​နွေးစပါးပန်းတိုင်အထွက်အနှုန်းရရှိရေး ကွင်းသရုပ်ပြပွဲသို့တက်ရောက်ခဲ့ကြောင်း သိရသည်။