သတင်းများ

အိမ်မဲမြို့နယ်တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ရန် အစည်းအဝေး ကျင်းပ
Dec 06,2024
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်သန်စွမ်းရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် နှစ်စဉ်ဒီဇင်ဘာလလူထုစုပေါင်းလမ်း လျှောက်ပွဲကျင်းပဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ယမန်နေ့နံနက် (၁၁)နာရီအချိန်တွင်ကျင်းပခဲ့သည်။
ပခုက္ကူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 06,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဌာနဆိုင်ရာရုံးများ လှည့်လည်ကြည့်ရှု၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၊ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ အထူးနေ့လယ်စာစားပွဲ တက်ရောက်
Dec 06,2024
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးများသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ထမ်းများရုံးလုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုကြပြီး ရဲတပ်ဖွဲ့ဝင်များနှင့်အတူ အထူးနေ့လယ်စာစားပွဲသို့ တက်ရောက်ကြသည်။
စလင်းမြို့နယ်၌ မိုခါလူသားချင်းစာနာမှုအစီအစဥ်ဖြင့် မကွေးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း စလင်း​မြို့နယ် ကြက်ခြေနီအသင်းခွဲငယ်မှ ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
Dec 06,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဖောင်းလင်းကျေးရွာရှိ ရပ်ရွာလူထုအတွက် လူသားချင်းစာနာမှုအစီအစဥ်ဖြင့် ရေဘေးသင့်ပြည်သူများအား မကွေးတိုင်းဒေသကြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ စလင်း မြို့ကြက်ခြေနီအသင်းခွဲငယ်မှ ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ဖောင်းလင်းကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး အတွင်း၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့၌ ကျောင်းအခြေပြု ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး(DT)နှင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး(HPV)များ ထိုးနှံပေး
Dec 06,2024
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့ပေါ်ရှိ အခြေခံပညာကျောင်း(၇)ကျောင်းတွင် အသက်(၅)နှစ်မှ(၇)နှစ်ထိ ကျောင်းသား/ ကျောင်းသူများနှင့် အသက်(၉)နှစ်မှ (၁၀)နှစ်ထိ ကျောင်းသူများအား ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေး(DT)နှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV) ထိုးနှံခြင်းကို ယနေ့နံနက်(၈)နာရီခွဲအချိန်က စတင်၍ ထိုးနှံပေးလျက်ရှိသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကွန်ပျူတာတက္ကသိုလ်(သထုံ) ကျောင်းသား၊ ကျောင်းသူများ၏ ဒေသအကျိုးပြု Project Show ပြပွဲ အခမ်းအနား တက်ရောက်
Dec 06,2024
ကွန်ပျူတာတက္ကသိုလ်(သထုံ) ကျောင်းသား၊ ကျောင်းသူများ၏ ဒေသအကျိုးပြု Project Show ပြပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကိုယ်စားပြု အမျိုးသားဘော်လီဘောအသင်း၊ အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေး စခန်းသွင်းလေ့ကျင့်လျက်ရှိ
Dec 06,2024
၂၀၂၄ ခုနှစ် ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကိုကျင်းပလျက်ရှိရာ ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းအမျိုးသားဘော်လီဘောပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးနှင့် အောင်နိုင်ရေးတို့အတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကိုယ်စားပြု အမျိုးသားဘော်လီဘောအသင်းကို ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဥ်ပြိုင်နိုင်ရေး၊ ထူးချွန်ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများပေါ်ထွန်းလာစေရန်နှင့် မြန်မာ့အားကစားအဆင့်အတန်းပိုမိုတိုးတက်မြင့်မားလာစေရန်ရည်ရွယ်ချက်များဖြင့် ဟင်္သာတမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မိုးလုံလေလုံအားကစားရုံတွင် နိုဝင်ဘာ (၁၁) ရက်နေ့မှ စတင်၍ ဒီဇင်ဘာ (၆) ရက်နေ့အထိ အသင်းအုပ်ချုပ်သူတစ်ဦး၊ နည်းပြတစ်ဦးနှင့် ကစားသမား (၁၄) ဦးတို့ ဖွဲ့စည်းကာ စခန်းသွင်းလေ့ကျင့်လျက်ရှိပြီး ကျင်းပလျက်ရှိသည့် ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနပေါင်းစုံ ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် ဌာနဆိုင်ရာရုံးများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး
Dec 06,2024
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ဌာနဆိုင်ရာရုံးများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ဒီဇင်ဘာလ(၄)ရက်နေ့ နံနက် ၉ နာရီအချိန်ကစတင်ကာ ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။