မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ လူငယ်ရေးရာအသိပညာပေးပွဲ ကျင်းပ

မန်ကန် ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်အတွင်းရှိ ဒေသခံကျောင်းသား လူငယ်များဗလငါးတန်နှင့် ပြည့်စုံပြီးအသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်  (၁၀) နာရီအချိန်က မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်အိဇာချိုက ယခုလူငယ်၊ နောင်ဝယ်လူကြီးများဖြစ်ကြမည့် နိုင်ငံ့တာဝန် ပခုံးပြောင်းတာဝန်ယူထမ်းဆောင်ကြရမည့် လူ့စွမ်းအားအရင်းအမြစ်များပေါ်ပေါက်စေရန် လူငယ်များအနေဖြင့်ပညာရေးကဏ္ဍအပြင် စာရိတ္တကောင်းမွန်ရေး၊ ပေါင်သင်းဆက်ဆံရေးနှင့် ကျန်းမာရေးကောင်းမွန်စေရေး၊ ကြီးပွားရေးအမြင်ရှိစေတို့အပြင် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေးစသည့်အကြောင်းအရာများ ဟောပြောခဲ့ကြောင်း သိရသည်။              

အိဇာချို(မန်ကန်၊ပြန်/ဆက်)