သတင်းများ

ဂန့်ဂေါမြို့၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ ဒီဇင်ဘာလူထုလှုပ်ရှားအားကစားလကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများကျင်းပ
Dec 06,2024
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် ဒီဇင်ဘာလူထုလှုပ်ရှားအားကစားလကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ဒီဇင်ဘာ(၂)ရက်နေ့မှစတင်၍ ဒီဇင်ဘာ(၅)ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သည်။
အောင်ပန်းမြို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၃) သင်တန်းဆင်းပွဲကျင်းပ
Dec 06,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းဖြစ်သည့် ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း၊ အစားအစာနှင့်အဖျော်ယမကာ ဝန်ဆောင်မှုသင်တန်း အမှတ်စဉ်(၃)သင်တန်းဆင်းပွဲကျင်းပခဲ့ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကွန်ဟိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်
Dec 06,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းအား ယနေ့နံနက် ၈ နာရီခန့်က စတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်၌ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Dec 06,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အခြေခံပညာမူလတန်းလွန်ဆင်တဲနှင့် ရွာသစ်ကုန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသားလူငယ်များ ဗလငါးတန်ပြည့်စုံစေရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဒီဇင်ဘာလ(၄)ရက်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်းရှိ အစည်းအဝေးခန်းမတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနပူးပေါင်း၍ ကျင်းပခဲ့ သည်။ ရှေးဦးစွာ  ကျောင်းအုပ်ဆရာမကြီး  ဒေါ်မိုးမိုးအိဇင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးက လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ရခြင်းပတ်သက်၍ ပြောကြားရာတွင်  ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေမှ ဗဟုသုတ အသိအလိမ္မာများ ရရှိစေရန်၊ အမှားအမှန် ခွဲခြားတတ်လာစေရန်၊ ဗလငါးတန်နှင့် ပြည့်စုံလာစေရန် စသည့်ရည်ရွယ်ချက်များစွာဖြင့် စဉ်ဆက်မပြက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။
စလင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(၁)(HVP)နှင့် ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေး
Dec 06,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ မြင်တင်ရပ်ကွက်အတွင်းရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်ကြီးကြပ်မှုဖြင့်  မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ  ကျန်းမာရေးဆရာမများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းဝင်များ၊ ပညာရေးဦးစီးဌာနမှ ဆရာ၊ဆရာမများကပူးပေါင်း၍   ယနေ့နံနက်  ၉ နာရီ ၃၀ အချိန်က. အဆိုပါ ကျောင်းရှိ(၃)ထပ်စာသင်ဆောင်တွင်  အသက် ၉ နှစ်မှ  ၁၀ နှစ်အတွင်းရှိ  ကျောင်းသား/ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HVP)နှင့်  ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေးများအား  ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း  သိရသည်။
မိုင်းရှူးမြို့နယ်၌ နယ်လှည့်အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Dec 06,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ နယ်လှည့်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
သဲကုန်းမြို့နယ်၌ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ၊ နံရံစာ​​စောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်
Dec 06,2024
ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းဖြစ်သော အသိပညာပေး ဟောပြောပွဲ၊  နံရံကပ်စာစောင်ပြပွဲနှင့် Mobile စာကြည့်တိုက်ဖွင့်လှစ်ပေးခြင်းကို ဒီဇင်ဘာလ(၄)ရက်နေ့က အခြေခံပညာမူလတန်းကျောင်း(ဆင်စွယ်ရ)၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်းသီးနှံ(ဆီထွက်) သွင်းအားစုနှင့်မျိုးစေ့များ ပေးအပ်
Dec 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်းသီးနှံ(ဆီထွက်) သွင်းအားစုနှင့်မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင်ကျင်းပပြုလုပ်သည်။