သတင်းများ

ရွှေပညာဒါန(အခမဲ့) သင်တန်းအမှတ်စဉ်(၃၅)၌ ကျောက်မျက်ပညာသင်ကြား
Dec 06,2024
ရန်ကုန်တိုင်းဆေးကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးဖွင့်လှစ်သည့် ရွှေပညာဒါန(အခမဲ့) ရွှေပညာသင်တန်း အမှတ်စဉ်(၃၅)ကို ဖွင့်လှစ်သင်ကြားလျက်ရှိရာ ဒီဇင်ဘာ(၄) ရက်နေ့က ကျောက်မျက်ဘာသာရပ်ကို သင်ကြားပို့ချသည်။
ငဖဲမြို့နယ် မန်းဆုံကျေးရွာ မူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ကလေးစာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက်
Dec 06,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများ ကျောင်းပြင်ပအသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်သည့်အလေ့အထဖြစ်ပေါ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက နယ်လှည့်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ကလေးစာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက မန်းဆုံကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
ထားဝယ်မြို့၌ အခြေခံပညာကျောင်းများနှင့် ဌာနဆိုင်ရာရုံးများသို့ သုတ/ ရသစာအုပ်၊ စာစောင်များ ငှားရမ်းပေး
Dec 06,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ ရသ စာအုပ်၊ စာစောင်များ တင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အခြေခံပညာကျောင်းများနှင့် ဌာနဆိုင်ရာ ရုံးများသို့ သုတ/ ရသစာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့သည်။
ကော့သောင်းမြို့တွင် အဖိုးတန်ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း ကနဦး စိစစ်ရေးအဖွဲ့ လုပ်ငန်းလိုင်စင်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းချပြ ရှင်းလင်းပွဲ ပြုလုပ်
Dec 06,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် တနင်္သာရီတိုင်းဒေသကြီး ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့ လုပ်ငန်းလိုင်စင် လျှောက်ထားမှုနှင့်စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းချပြရှင်းလင်းပွဲကို ယနေ့နံနက်(၁၀) နာရီခန့်က ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ မဉ္ဇူသကခန်းမတွင် ပြုလုပ်ခဲ့သည်။
မိုးညိုမြို့နယ်၌ စည်ပင်သာယာဈေးအတွင်း မီးဘေးလုံခြုံစေရေး‌ ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး
Dec 06,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် စည်ပင်သာယာ‌ဈေးအတွင်း မီးဘေးလုံခြုံစေရေး ဆောင်ရွက်ထားရှိမှုများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်မှူးရုံးတို့မှ တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ဈေးအတွင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ပထမနှစ်ကျောင်းသား၊ ကျောင်းသူများကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်
Dec 06,2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပထမနှစ်ကျောင်းသား၊ ကျောင်းသူများကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊  ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ကျင်းပခဲ့သည်။
ဟင်္သာတမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲပြုလုပ်
Dec 06,2024
ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေရွယ်ကလေးသူငယ်များ စာအုပ်စာပေများ ဖတ်ရှုလာစေရန်နှင့် အသိပညာဗဟုသုတများ ရရှိလာစေရန်အတွက် အသိပညာပေး၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ဒီဇင်ဘာ (၄) ရက်နေ့ မွန်းလွဲ ၂ နာရီက အ.မ.က (၁၈) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းဖြတ်မြို့နယ် အ.ထ.က(ဟိုနား)၌ စာဖတ်ရှိန်မြှင့်တင်​ရေး လူငယ်စကားဝိုင်း ကျင်းပ
Dec 06,2024
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် အ​ခြေခံပညာဦးစီးဌာနတို့မှ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်​ရေး လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အ.ထ.က(ဟိုနား)၌ ကျင်းပပြုလုပ်ခဲ့​​ကြောင်း သိရသည်။