ပုဗ္ဗသီရိမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ပုဗ္ဗသီရိ ဒီဇင်ဘာ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုဗ္ဗသီရိမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်အတွင်း ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀  နာရီအချိန်က အေးမြင့်သာယာကျေးရွာအုပ်စု ဓမ္မာရုံ၌ ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပေးအပ်ပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူး ဦးအောင်ခိုင်ဆွေက ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်၊၊

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူး ဦးအောင်ခိုင်ဆွေနှင့် ခရိုင်ဦးစီးမှူး ဦးဇော်မြင့်တို့က ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်း (၂၄၇)ခုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၅၄)ကတ်ကို ပြည်သူများလက်ဝယ်အရောက်  ပေးအပ်ခဲ့ကြကြောင်း သိရသည်။

နန်းရွှေရတီ(ပြန်/ဆက်)