သတင်းများ

၂၀၂၁ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား သံတွဲ၌ကျင်းပ
Jun 05,2021
၂၀၂၁ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို သံတွဲခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီက ပတ်ဝန်းကျင် ရေရှည်တည်တန့် ကောင်းမွန်ဖို့၊ ဂေဟစနစ်ကို ပြန်လည်ပြုပြင် ထိန်းသိမ်းကြပါစို့ဟူသော ဆောင်ပုဒ်နှင့်အညီ ကျင်းပပြုလုပ်သည်။
သထုံမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး
Jun 05,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာ အလံတရာသာသနာ့နယ်မြေရှိ အလံတရာ စေတီတော်မြတ်ကြီး အနီးတွင် ယနေ့ နံနက်က ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်သစ်တောဦးစီးဌာနမှ စီစဉ်ကျင်းပပြု လုပ်ခဲ့သည်။
မိုင်းရယ်မြို့နယ်တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jun 05,2021
နိုင်ငံတစ်ဝန်းစိမ်းလန်းစိုပြေရေးအတွက် သစ်တောဦးစီးဌာနက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်(၈)နာရီက မိုင်းရယ်မြို့၊ ရပ်ကွက်(၂) မဟိန်တန် ဂေါက်ကွင်းအတွင်း၌ ကျင်းပပြုလုပ်ပါသည်။
စံပြကျေးရွာတွင် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား မျိုးစပါးများ ထောက်ပံ့ပေးအပ်
Jun 05,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သု၀ဏ္ဏဝတီမြို့ရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ ဧက ၃၀၀ တွင် မိုးစပါးစိုက်ပျိုးမည့်တောင်သူများအား မျိုးသန့်မျိုးစပါးများကို ယနေ့ နံနက်က  မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာပြန့်ပွား‌ရေးစင်တာ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခဲ့သည်။
ရွှေတောင်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းပြုလုပ်
Jun 05,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် Community Center ခန်းမတွင် ပြည်သူများ အသိပညာ၊ ဗဟုသုတ ရရှိစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အသိပညာပေး လုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်ပေးခဲ့သည်။
ရန်ကင်းမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင် များမှ  စာဖတ်ဝိုင်း ကျင်းပပြုလုပ်
Jun 05,2021
ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ Book Club စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် ၃ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြု ဗဟိုဌာနခန်းမတွင်  ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းယောင်း၌ နှာခေါင်းစည်းများနှင့် ပညာပေးစာစောင်များ အခမဲ့ဖြန့်ဝေ
Jun 05,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်းများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းကို ထွေ/အုပ်၊ ကျန်းမာရေးနှင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့၊ မီးသတ်နှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အပတ်စဉ် ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက ဗလမင်းထင် ကျောက်တိုင်အနီးရှိ နမ့်မိန်တံတားလမ်းဆုံ၌ ဆောင်ရွက်သည်။
ဖျာပုံမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ
Jun 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဖျာပုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပသည်။