သတင်းများ

အုတ်ဖိုမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွား
Jun 06,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် လက်ပတောကျေးရွာအုပ်စုတွင် ယမန်နေ့ ညနေ ၆ နာရီ အချိန်ခန့်ကလေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သန်လျင်၌ အထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်ပွား
Jun 06,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ အလွမ်းဆွတ်ကျေး ရွာ၊ စက်ရုံဝန်း၊ သီလဝါလမ်းမကြီးဘေးရှိ Leader One စက်ရုံ တွင် ယမန်နေ့ မွန်းလွဲ ၃ နာရီ မိနစ် ၂၀ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ကြက်ခြေနီအသင်းမှ နေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှုပေး
Jun 06,2021
ရန်ကုန်တိုင်းဒေသကြီး၊ ​အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ပြည်သူများ ကျန်းမာရေးကောင်းမွန်စွာ နေထိုင်နိုင်ရန်ရည်ရွယ်၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများက (၂၄)နာရီ လူနာတင်ယာဉ်ကား(၁)စီးဖြင့် နေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။
ပုလဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းခန်းမ အဆောက်အဦအသစ် ဆောက်လုပ်နိုင်ရေး ပန္နက်တင်ပွဲ ကျင်းပ
Jun 06,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက အာရှမုံရွာကုမ္ပဏီက တာဝန်ယူဆောင်ရွက်မည့် ကျောင်းခန်းမ အဆောက်အဦ အသစ် ဆောက်လုပ်နိုင်ရေးအတွက် ပန္နက်တင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ
Jun 05,2021
၂၀၂၁ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့သည်။
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မိုးရာသီသစ်ပင်စိုက်ပွဲနှင့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်
Jun 05,2021
ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် (ပထမအကြိမ်) မိုးရာသီသစ်ပင်စိုက်ပွဲနှင့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၌ ကျင်းပရာ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်များ၊ ပြည်နယ်တရားသူ ကြီးချုပ်၊ ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
ကမာရွတ်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ
Jun 05,2021
မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း နေထိုင်ကြတဲ့ နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးရရှိစေရန်နှင့် နိုင်ငံသား အရည်အချင်းပြည့်မှီသူများအတွက် ရည်ရွယ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူ၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ၂၀၂၁ခုနှစ် မေလ(၃)ရက်နေ့မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့အထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဦးစီးမှူးရုံးမှ သိရသည်။