သတင်းများ

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 05,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်သစ်တောဦးစီးဌာနမှ "ပတ်ဝန်းကျင်ရေရှည် တည်တံ့ ကောင်းမွန်ဖို့ ဂေဟစနစ်ကိုပြန်လည်ပြုပြင်ထိန်းသိမ်းကြပါစို့"ဆောင်ပုဒ်နှင့်အညီ၂၀၂၁ ခုနှစ်၊ ဇွန်လ ၅ ရက်တွင်ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီက ကျိုက်မရောမြို့ မြွေဟောက်ကျေးရွာ၊အားကစားကွင်း၌ကျင်းပပြုလုပ်သည်။
သာယာဝတီခရိုင်အဆင့် စကော ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ အသစ်ပြန်လည် ဖွဲ့စည်း
Jun 05,2021
ပဲခူးတိုင်းဒေသကြီး၊ သယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၆) ရပ်ကွက်၊ တ/မြို့သစ်(၉)လမ်းရှိကရင်စာပေနှင့် ယဉ်ကျေးမှုကော်မ တီအတွင်းရေးမှုးနေအိမ်တွင် ခရိုင်အဆင့်စကောကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ အသစ်ပြန်လည် ဖွဲ့စည်းခြင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီချိန်က ဆောင်ရွက်ခဲ့သည်။
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံကချင်လူမျိုး ရိုးရာယဉ်ကျေးမှု အသင်းနှင့် မျိုးနွယ်စုကော်မတီဝင်များနှင့် တွေ့ဆုံပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်
Jun 05,2021
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၈ နာရီခွဲတွင် မြစ်ကြီးနားမြို့၊ စီတာပူမနောကွင်း အတွင်းရှိ မနောအိမ်တော်၌ မြန်မာနိုင်ငံ ကချင်လူမျိုး ရိုးရာယဉ် ကျေးမှုအသင်းနှင့် မျိုးနွယ်စု ကော်မတီဝင်များ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှ တိုင်းရင်းသားရေးရာ ယဉ်ကျေးမှုသုတေသနအဖွဲ့များနှင့် တွေ့ဆုံပြီး အားကစားပစ္စည်းများကို ထောက်ပံ့ ပေးအပ်ခဲ့သည်။
မီးသင်္ဂြိုလ်စက်အလှူနှင့်‌ မြေအလှူတို့အား ရေစက်ချ အခမ်းအနား ကျင်းပ
Jun 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် မြို့သူမြို့သားများနှင့်ပြင်ပ အလှူရှင်များစု‌ ပေါင်း တည်ဆောက်သော မီးသင်္ဂြိုလ်စက် အလှူနှင့်မီးသင်္ဂြိုလ်စက်၊ ဇရပ်စသည်ဖြင့် လိုအပ်သည်များ ဆောက်လုပ်နိုင်ရန် အတွက်    တစ်ဦးတည်း မြေအလှူရှင် တို့အား     ရေစက်ချ ပရိတ်နာ အခမ်းအနား ကို ယနေ့နံနက် (၈)နာရီတွင် အဆိုပါ မီးသင်္ဂြိုလ် စက်တည်ဆောက်ရာ တောင်ကုန်းပေါ်ရှိ ဇရပ်ဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
မြိုင်မြို့တွင် စာချစ်သူများ၏ (၅၂)ကြိမ်မြောက် စာဖတ်ဝိုင်းပြုလုပ်
Jun 05,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် စာချစ်သူများ၏ (၅၂)ကြိမ်မြောက် စာဖတ်ဝိုင်း ကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနရုံး Community Centre ခန်းမတွင် ပြုလုပ်သည်။
မြောင်းမြမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 05,2021
“ပတ်ဝန်းကျင်ရေရှည်တည်တံ့ကောင်းမွန်ဖို့ ဂေဟစနစ်ကို ပြန်လည်ပြုပြင်ထိန်းသိမ်း ကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၁ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်း အနားကို ယနေ့နံနက် ၈နာရီက မြောင်းမြမြို့နယ်၊ ဘုရားကုန်းကျေးရွာရှိ ကျောက်ကုန်း ကြိုးဝိုင်းအမှတ်(၁)၊ မြောင်းမြ-လပွတ္တာ ကားလမ်းဝဲ/ယာ၊မြစိမ်းရောင်တောင်၊ မြတိဂုံစေတီ မုခ်ဦးအဝင်လမ်းတို့တွင်စိုက်ပျိုးခဲ့ကြောင်းသိရသည်။
မုဒုံမြို့ရှိ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတွင် အခြေခံစက်ချုပ်နည်း ပညာ သင်တန်းဖွင့်လှစ်
Jun 05,2021
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ အသေး စား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော အခြေခံစက်ချုပ်နည်းပညာ သင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် ၁၁ နာရီက မုဒုံမြို့နယ် ရက်ကန်းနှင့်အသက်မွေး ပညာသင်တန်း ကျောင်း၌ ဖွင့်လှစ်သည်။
၂၀၂၁ ခုနှစ် ဇွန်လ(၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် အခမ်းအနား ကျင်းပ
Jun 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ယနေ့ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို နံနက် ၉ နာရီတွင် ကျင်းပသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဌာန ဆိုင်ရာများ၊ ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။