သတင်းများ

ရှမ်းပြည်နယ်အနေဖြင့် ဂေဟစနစ်စုံလင်သော ပြည်နယ်တစ်ခုဖြစ်
Jun 05,2021
ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဇွန် (၅) ရက် နံနက် (၉) နာရီခွဲက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
ငဖဲမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ငဖဲမြို့ပေါ် လူစည်ကားသော နေရာများ တွင် နှာခေါင်းစည်း (mask) များအခမဲ့ဖြန့်ဝေ
Jun 05,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင် ရေး၊ ကူးစက်ပျံ့ပွားမှုမရှိစေရေးအတွက် ငဖဲမြို့ပေါ်လူစည်ကားသော နေရာများဖြစ် သည့် ငဖဲမြို့မစျေး၊ လ္ဘက်ရည်ဆိုင်များ နှင့် ကျောင်းတွင်းရပ်ကွက်လမ်းဆုံတို့တွင် နှာခေါင်းစည်း (mask) များ အခမဲ့ဖြန့်ဝေခြင်း နှင့်ကျန်းမာရေးအသိပညာပေးခြင်းများကို ယနေ့နံနက် ၆ နာရီအချိန်က ပြုလုပ် ဆောင်ရွက်ခဲ့သည်။
ပဲခူးမြို့ ၂၀၂၁ ခုနှစ်၊ ဓမ္မာစရိယနှင့် အစိုးရ ပါဠိ ပထမပြန်စာမေးပွဲ ဆက်လက် ကျင်းပ
Jun 05,2021
ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဓမ္မာစရိယနှင့် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့ (၁၂)နာရီအချိန်က ပဲခူးမြို့ ရွှေမော်‌ဓောဘုရားဝန်း ဗုဒ္ဓအသံဓမ္မဗိမာန်၌ ဆက်လက် ကျင်းပခဲ့သည်။
စေတုတ္တရာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး
Jun 05,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံ ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန် အတွက် ယမန်နေ့ နံနက်ပိုင်းက မြေနီကျေးရွာအုပ်စုသို့ သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်အတွက် စျေးရောင်းချသူများနှင့် စျေးဝယ်သူများ အား နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း ဆောင်ရွက်
Jun 05,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၌ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေး အတွက် လမ်းသွား လမ်းလာများ၊ စည်ပင်သာယာမြို့မစျေးကြီး စျေးရောင်းချသူများနှင့် စျေးဝယ်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကျန်းမာရေး အသိပညာပေး အရှိန်အဟုန်မြှင့်တင်ရေး လှုပ်ရှားမှု ဆောင်ရွက်ခြင်းကို ယနေ့နံနက်၈နာရီက ကျောက်တိုင်မီးပွိုင့်လမ်းဆုံ၊ စည်ပင်သာယာ မြို့မစျေးရှေ့၊ ဆေးရုံရှေ့တို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၁ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Jun 05,2021
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးဆောင်၍ ယနေ့ နံနက် ၈ နာရီက ပဲခူးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ၂၀၂၁ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့သည်။
ရွှေပြည်သာမြို့နယ်တွင် “အလုပ်ဆိုတာအင်အားပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Jun 05,2021
ပြည်သူများ စာဖတ်သည့် အလေ့အကျင့်များရရှိပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် စဉ်းစားဆင်ခြင်နိုင်သည့် အတွေးအ‌ခေါ်များ ရှိလာ‌စေရန် ရည်ရွယ်၍ ရွှေပြည်သာမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီချိန်က ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ Book Club, Woman Club အဖွဲ့ဝင်များက စာရေးဆရာမ ဒေါက်တာ မတင်ဝင်းရေးသားသော “အလုပ်ဆိုတာအင်အားပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် အရှေ့ငယ်တိုး-ရွှေဒါး-ရဲဘော်လေး-ရဲဘော်ကြီး-သပြေဝန်း ကျေးရွာချင်းဆက်လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်
Jun 05,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ပြီး မြို့ပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေး၊ ဒေသလိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အရှေ့ငယ်တိုး-ရွှေဒါး-ရဲဘော်လေး-ရဲဘော်ကြီး-သပြေဝန်း ကျေးရွာချင်းဆက်လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ပေးလျက် ရှိကြောင်း သိရသည်။