မိုင်းယောင်း၌ နှာခေါင်းစည်းများနှင့် ပညာပေးစာစောင်များ အခမဲ့ဖြန့်ဝေ

မိုင်းယောင်း ဇွန် ၅

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်းများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းကို ထွေ/အုပ်၊ ကျန်းမာရေးနှင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့၊ မီးသတ်နှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အပတ်စဉ် ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက ဗလမင်းထင် ကျောက်တိုင်အနီးရှိ နမ့်မိန်တံတားလမ်းဆုံ၌ ဆောင်ရွက်သည်။

ထိုသို့အသိပညာပေး ဆောင်ရွက်ရာတွင် အများပြည်သူများ အသိသတိရှိစွာ နေထိုင်သွားလာကြရန်၊ လက်ကိုမကြာခဏ ဆေးကြောသန့်စင်ရန်၊ အပြင်ထွက်တိုင်း နှာခေါင်းစည်းများ တပ်ဆင်ပြီး မှသာလျှင် သွားလာကြရန်၊ လူစုလူဝေးများ မပြုလုပ်ကြရန်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များကို အသိပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများ နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း