ရွှေတောင် ဇွန် ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် Community Center ခန်းမတွင် ပြည်သူများ အသိပညာ၊ ဗဟုသုတ ရရှိစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အသိပညာပေး လုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲတွင် မြို့နယ်ပြန်/ဆက် ဦးစီးမှူးက စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး စာရေးဆရာမောင်ကျေးဇူး၏ အသိပညာပေးစာအုပ် တစ်အုပ်ဖြစ်သည့် လူငယ်တွေ လမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ် စာအုပ်အား ဆရာကြီးဦးမြင့်ဦးမှ အသိပညာရရှိစေရန်အတွက် ဦးဆောင် ဆွေးနွေးခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်တွင်း စာပေချစ်သူများနှင့် စာပေဝါသနာပါသော ကျောင်းသား၊ ကျောင်းသူလေးများ တက်ရောက်ခဲ့ကြပြီး စာဖတ်ဝိုင်းတွင် အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ကာ ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)