သတင်းများ

ကော့မှူးမြို့နယ်တွင် နှာခေါင်းစည်း Mask တပ်ဆင်ရေး Mask Campaign ဆောင်ရွက်
Jun 05,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ခြင်းဆိုင်ရာ အသိပညာပေး မြှင့်တင်ရေးနှင့် နှာခေါင်းစည်း Mask မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုကို ယနေ့နံနက် ၈ နာရီက လူစည်းကားရာ နေရာများတွင် ဆောင်ရွက်နေကြောင်း သိရသည်။
သာစည်မြို့နယ် ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်မှုများ ကွင်းဆင်းကြည့်ရှု စစ်ဆေး
Jun 05,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း(မူလ) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက် ကုန်ထုတ်လမ်းများ ဆောင်ရွက်နေမှုများကို ယမန်နေ့ နံနက်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
ဘီးလင်းမြို့နယ်၌ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ ကျင်းပ
Jun 05,2021
ဘီးလင်းမြို့နယ်၌ ၂၀၂၁ ခုနှစ်မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၉ နာရီက ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာ ကျိုက်ထီးဆောင်း ဘုရားဝင်းအတွင်း၌ ကျင်းပပြုလုပ်သည်။
တပ်ကုန်းမြို့၌ ဆင်သေရေလွှဲဆည်တွင် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
Jun 05,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာနက ငါးသယံဇာတ ရေရှည်တည်တံ့ ပွားများစေရန်၊ ငါးရိက္ခာနှင့် ငါးထုတ်ကုန်မြင့်မားစေရန်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး အထောက်အကူ ဖြစ်စေရန်၊ ဒေသအတွင်းအလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန် ရည်ရွယ်ကာ တပ်ကုန်းမြို့နယ် ဒဟတ်ကုန်းကျေးရွာအနီး၊ ဆင်သေရေလွှဲဆည်တွင် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အဆိုပါဆည်တွင် ကျင်းပသည်။
တုံတာမြို့၌ အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Jun 05,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီခန့်က တုံတာမြို့ ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။
လပွတ္တာမြို့နယ်၌ မိုးရာသီလူထုလှုပ်ရှားမှု သစ်ပင်စိုက်ပွဲတော် ကျင်းပ
Jun 05,2021
မြန်ပြည်တစ်ခွင်စိမ်းရောင်လွှမ်း ဖို့သစ်ပင်စိုက်ပျိုးကြပါစို့ ခေါင်း စဉ် နှင့်အညီ လပွတ္တာခရိုင် လပွတ္တာမြို့နယ်တွင် မိုးရာသီ လူထုလှုပ်ရှားမှုသစ်ပင်စိုက်ပွဲတော်ကို (၃)မိုင်မြို့သစ် မြရာကုန်း ဂေါက်ကွင်း၌ ယနေ့ နံနက် ၈နာရီခွဲအချိန်က ကျင်းပခဲ့သည်။
ကော့သောင်းမြို့တွင် အစားအသောက်ရောင်းချသည့် ဆိုင်များအား ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်ရေး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jun 05,2021
ကူးစက်မှုပြန်လည်ဖြစ်ပွားလာနေသည့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်ရေး တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အစားအသောက်ရောင်းချသည့် ဆိုင်များအား သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ ယနေ့နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တာဝန်ရှိ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရေးမြို့နယ်၌ ၂၀၂၁ ခုနှစ် ဇွန်လ (၅)ရက်နေ့တွင် ကျရောက်သည့် "ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး နေ့" အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ
Jun 05,2021
မွန်ပြည်နယ် ရေးမြို့နယ်၌ ၂၀၂၁ ခုနှစ် ဇွန်လ (၅)ရက်နေ့တွင် ကျရောက်သည့် "ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့" အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီ ရေးမြို့နယ် တူးမြောင်းကျောင်းရွာ လေယာဉ်ကွင်းဟောင်းအနီး၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။