သတင်းများ

သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုအပေါ် ထောက်ပံ့ငွေများပေးအပ်
Jun 05,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီး ဆုံးရှုံးမှုအပေါ် ထောက်ပံ့ငွေများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကော့မှူးမြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေး ညှိနှိုင်းဆွေးနွေး
Jun 05,2021
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် မြို့နယ်တွင်းကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၁၁နာရီက မြို့သစ်ရပ်ကွက် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန(ယာယီ)ရုံးခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။
ပြည်သူများ နေ့စဉ်စားသုံးနေသည့် အသား၊ ငါးများသန့်ရှင်းလတ်ဆတ်မှုရှိစေရေးနှင့် ကိုဗစ် ညွှန်ကြားချက် နှင့်အညီဈေးရောင်းချမှုရှိ/မရှိ လိုက်လံ စစ်ဆေး
Jun 05,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူများ နေ့စဉ်စားသုံးနေ သည့် အသား၊ ငါးများ သန့်ရှင်းလတ်ဆတ်မှုရှိစေရေးနှင့် ကိုဗစ် ညွှန်ကြားချက်နှင့်အညီ  ဈေးရောင်း ချမှုရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဈေးဆိုင်များအား လိုက်လံ စစ်ဆေးခဲ့ကြ သည်။
မိုင်းယောင်းမြို့နယ်တွင် ပြည်သူ့ဝန်ဆောင်မှုရုံးမှ နိုင်ငံသားစိစစ်ရေး ကတ်ထုတ်ပေး
Jun 05,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ပြည်သူ့ဝန်ဆောင်မှုရုံး One Stop Shop(OSS)မှဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်း၊ အိမ်ထောင်စု ဇယားပြု လုပ်ခြင်း၊ ပြောင်းဝင်/ပြောင်းထွက် လူဦးရေစာရင်းပေးအပ်ခြင်းကို ယမန်နေ့တွင် အဆိုပါရုံး၌ ပြုလုပ်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
 မင်းဘူးမြို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေး
Jun 05,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင်၂၀၂၁ ခုနှစ် မိုးသီ စိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့နံနက်ပိုင်းက မဒေါက်အုပ်စုတွင်တောင်သူ (၃၂) ဦးနှင့် နှမ်းသီးနှံစိုက်ဧက (၁၆၀)ဧက စုစုပေါင်း ကျပ် (၁၆၀) သိန်းကို  ထုတ်ချေးပြီး သွားပြီဖြစ်ကြောင်း မင်းဘူးမြို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီနှင့် တိုင်းဒေသကြီးအဆင့်ဌာဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 05,2021
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ   လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ  ဝန်ထမ်းသား သမီး များအား ပညာသင် ထောက်ပံ့ကြေးပေးအပ်
Jun 05,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း သားသမီး များအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယမန်နေ့ နေ့လည် ၂ နာရီအချိန်က ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ညွန်ကြားချက်များ နှင့် အညီ ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။ 
တာလေတွင် တညင်းသီးများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလေ့ရှိကြရာ ယခုတညင်သီးပေါ်ချိန်တွင် မိသားစု အပိုဝင်ငွေရ
Jun 05,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တာလေ‌မြို့ဒေသခံပြည်သူများ နှစ်စဉ် ပုံမှန်ဝင်ငွေရရှိလျက်ရှိသည့် ဒေသထွက်ရာသီပေါ် တညင်းသီးများကို မြို့ပေါ်နှင့် ကျေးလက်နေ တိုင်းရင်းသားများအချို့မှ နေအိမ်ခြံဝင်းများနှင့် ဥယာဉ်ခြံမြေများတွင်တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပြီး ယခုအချိန်တွင် တညင်းသီးများ လှိုင်လှိုင်ပေါ်နေလျက်ရှိရာ ဈေးကောင်းရောင်းချရ၍ မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိသည်။