ဖျာပုံမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ

ဖျာပုံ ဇွန် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဖျာပုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးမောင် က အဖွင့်အမှာစကား ပြောကြားပြီး၊ ဖျာပုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦး က ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်မှ ပေးပို့သော ၂၀၂၁ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ သဝဏ်လွှာအား ဖတ်ကြားသည်။

ထို့နောက် ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် VideoCLip အား ပြသပြီး၊ အခြေခံပညာကျောင်းသား၊ ကျောင်းသူ ကလေးများက ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး သီချင်းများဖြင့် ကပြဖျော်ဖြေကြကြောင်း သိရသည်။

ဖျာပုံခရိုင်(ပြန်/ဆက်)