ရန်ကင်း ဇွန် ၅
ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ Book Club စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် ၃ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြု ဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်လှလှထွေးက စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စာရေးဆရာမေပါက်အပါက်၏ “ စာနာအလိုက်သိစွာအတွေးအမြင်အနုပညာ” စာအုပ်ပါ အကြောင်း အရာများကို Book Club အသင်းဝင်များ နှင့်စာပေဝါသနာရှင်များကအသီးသီး ဖတ်ကြား၍ စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ စာဖတ်ဝိုင်း များပြုလုပ်ပေးခြင်းအပြင် ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသစာအုပ်၊ စာစောင်မျိုးစုံတို့ကို စာဖတ်သူ ပရိသတ်များ အခမဲ့ ငှားရမ်း ဖတ်ရှုနိုင်အောင်ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)