သတင်းများ

စစ်တွေမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ
Jun 05,2021
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၂၀၂၁ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပသည်။
ငွေဆောင်မြို့မဈေး မီးဘေးလုံခြုံရေးနှင့် ပေါက်ကွဲစေတတ်သော ယမ်းမှုန့်များရောင်းချမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေး
Jun 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင်မြို့မဈေးတွင် မီးဘေးကြိုတင် ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုနှင့် ပေါက်ကွဲစေတတ်သောယမ်းမှုန့်များရောင်းချမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်း ကို ယနေ့နံနက် ၈နာရီချိန်တွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ်၊ မြန်မာနိုင်ငံ လယ်ယာ သန်းခေါင်းစာရင်း ကောက်ယူရေး လုပ်ငန်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ
Jun 05,2021
၂၀၂၁ ခုနှစ်၊ မြန်မာနိုင်ငံလယ်ယာ သန်းခေါင်းစာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ Great Wall Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဗန်းမော်မြို့တွင် ၂၀၂၁ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ရောင်စုံပန်းချီ ပြိုင်ပွဲဝင် ကျောင်းသူ ကျောင်းသူများအား ဆုချီးမြှင့်ပေးအပ်
Jun 05,2021
၂၀၂၁ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးရုံးနှင့် ရွှေကူမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူးရုံးတို့ ပူးပေါင်း ကျင်းပသည့် ရောင်စုံပန်းချီပြိုင်ပွဲတွင် အခြေခံပညာ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဆုရရှိသော ကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဗန်းမော်ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးရုံး၌ ကျင်းပခဲ့သည်။
ပန်းတနော်မြို့နယ် အင်းမ သဘာဝမြစ်ချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်
Jun 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အင်းမ သဘာဝမြစ်ချောင်း အတွင်း ငါးမျိုးပြန့်ပွားစေရေး၊ ငါးသယံဇာတများပေါကြွယ်ဝ၍ ငါးရိက္ခာဖူလုံစေရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အဆိုပါချောင်းအတွင်း၌ ကျင်းပသည်။
ပွင့်ဖြူမြို့နယ် ညောင်လှ-ဆင်စု-ရေချမ်းစင် ကျေးရွာချင်းဆက် မြေနီလမ်းခင်းခြင်းလုပ်ငန်း ရာနှုန်း ပြည့်ပြီးစီး
Jun 05,2021
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒေသခံ ကျေးရွာနေပြည်သူများ  ကျေးလက်နှင့် မြို့ပြ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် ညောင်လှ - ဆင်စု - ရေချမ်းစင် ကျေးရွာချင်းဆက်လမ်းအား မြေနီလမ်းအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ် ဆောင်ရွက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးသွားပြီ ဖြစ်ကြောင်း အဆိုပါ မြို့နယ်ကျေး လက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။ 
မလှိုင်မြို့နယ် ထွေ/အုပ် ဝန်ထမ်း သား/သမီးများအား ပညာသင် ထောက်ပံ့ကြေးပေးအပ်
Jun 05,2021
၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ်အတွက် မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းသား သမီးများအား ပညာသင်ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ် ထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ပိုးသတ်ဆေးဖျန်းပေး
Jun 05,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေး အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက အခြေခံပညာကျောင်းများအား ပိုးသတ်ဆေး ဖျန်းပေးလျက်ရှိသည်။