၂၀၂၁ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား သံတွဲ၌ကျင်းပ

သံတွဲ ဇွန် ၅

၂၀၂၁ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို သံတွဲခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီက ပတ်ဝန်းကျင် ရေရှည်တည်တန့် ကောင်းမွန်ဖို့၊ ဂေဟစနစ်ကို ပြန်လည်ပြုပြင် ထိန်းသိမ်းကြပါစို့ဟူသော ဆောင်ပုဒ်နှင့်အညီ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး  သံတွဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ခရိုင်တာဝန်ခံ ဦးဌေးနိုင်က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။

ဆက်လက်၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ရုံးချုပ်မှ ပေးပို့သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့  Video Clip အားပြသခဲ့ကြပြီး အခမ်းအနား တက်ရောက် လာကြသူများနှင့် စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန် နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)