မြစ်ကြီးနားမြို့၌ ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ
Jun 05,2021
ပတ်ဝန်းကျင်ရေရှည်တည်တံ့ကောင်းမွန်ဖို့ ဂေဟစနစ်ကို ပြန်လည်ထိန်းသိမ်းကြဖို့ ဆောင်ပုဒ် ဖြင့် ၂၀၂၁ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်း အမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် မြစ်ကြီးနားမြို့၊ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က တက်ရောက်အမှာစကားပြောကြားသည်။