သတင်းများ

မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဟိုင်းကြီးကျွန်းမြို့ရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှု လှည့်လည်ကြည့်ရှုအားပေး
Jun 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ အခြေခံပညာကျောင်းများဖွင့်လှစ်ထားရှိမှုကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ  တာဝန်ရှိသူများက  ယမန်နေ့ နံနက်  ၉ နာရီတွင် လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးကြိုးပစ်ခတ်မှုကြောင့်သေဆုံးခဲ့သူတစ်ဦးအတွက် ထောက်ပံ့ငွေပေးအပ်
Jun 05,2021
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ သုံးခွချွန်းကျေးရွာအုပ်စု၊ ကျော်နုကျေးရွာ၌ ဇွန်လ ၃ ရက်နေ့ က မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူတစ်ဦးအတွက် ထောက်ပံ့‌ငွေကို ယမန်နေ့ နေလည် ၂ နာရီအချိန်က ဘေးသင့်မိသားစု လက်ဝယ်အရောက ်သွားရောက်ထောက်ပံ့ပေးခဲ့သည်။
ပင်လောင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများတွင် ခေတ္တခိုလှုံရန် ရောက်ရှိလာသည့် တိုက်ပွဲရှောင် ပြည်သူများအား ထောက်ပံ့ငွေပေးအပ်
Jun 05,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် မေလ ၂၆ ရက်နေ့ မှ ဇွန်လ ၄ ရက်နေ့ထိ လွိုင်ကော်မြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့မှ ခေတ္တခိုလှုံရန် ရောက်ရှိလာသည့် တိုက်ပွဲရှောင် ပြည်သူ ၁၅၂၉ ဦးရှိကြောင်း သိရသည်။
ပူတာအို၌  ၂၀၂၁-ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အကြိုအခမ်းအနား ကျင်းပ
Jun 05,2021
 “ပတ်ဝန်းကျင်ရေရှည်တည်တံ့ကောင်းမွန်ဖို့ ဂေဟစနစ်ကိုပြန်လည်ပြုပြင်ထိန်းသိမ်းကြပါစို့” ဆောင်ပုဒ် နှင့်အညီ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ဦးဆောင်မှုဖြင့် ဇွန်(၅)ရက်နေ့တွင်ကျရောက်မည့် ၂၀၂၁- ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြိုအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ပူတာအိုမြို့ မိုးလုံလေလုံအားကစားခန်းမ၌ကျင်းပခဲ့သည်။
ဖျာပုံမြို့၌ မီးဘေးသင့် အိမ်ထောင်စု(၁)စုအတွက် ဆန်စားနပ်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများပေးအပ်
Jun 04,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကျုံတာရှမ်းကွင်းကျေးရွာအုပ်စု၊ ရှမ်းကွင်းကျေးရွာ မြောက်ပိုင်း ဦးကိုကိုလင်း၏ နေအိမ်တွင် ခြင်ဆေးခွေမှတစ်ဆင့် နေအိမ်မီးလောင်းမှုဖြစ်ပွားခဲ့၍ ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းနှင့် ဆန်၊ စားနပ်ရိက္ခာဖိုးအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်က ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
စစ်တွေမြို့တွင် ဝန်ထမ်းများ စာဖတ်စွမ်းရည်မြှင့်မားစေရေး စာဖတ်ဝိုင်းပြုလုပ်
Jun 04,2021
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဝန်ထမ်းများအနေဖြင့် စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတရရှိစေရေး၊ တစ်ဦးနှင့် တစ်ဦးအမြင်ချင်းဖလှယ်ပြီး ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရေးနင့် စာဖတ် စွမ်းရည်မြှင့်မားစေရေး ရည်ရွယ်ပြီး ဝန်ထမ်းများစာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့၌ မြစိမ်းရောင် (အသားကဏ္ဏ) ရန်ပုံငွေကျပ်သိန်း (၃၀၀) လွှဲအပ်ပွဲ အခမ်းအနား ကျင်းပ
Jun 04,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင်နှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် အသားငါးကဏ္ဏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်၍ စိုက်ပိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊