မိုင်းရယ် ဇွန် ၅
နိုင်ငံတစ်ဝန်းစိမ်းလန်းစိုပြေရေးအတွက် သစ်တောဦးစီးဌာနက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်(၈)နာရီက မိုင်းရယ်မြို့၊ ရပ်ကွက်(၂) မဟိန်တန် ဂေါက်ကွင်းအတွင်း၌ ကျင်းပပြုလုပ်ပါသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ အမှတ်(၁)လှုပ်ရှားစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်သိန်းလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင် ရာများ၊ လူမှုရေးအသင်းအဖွဲ့များတက်ရောက်ခဲ့ရာ အမှတ်(၁)လှုပ်ရှား စစ်ဗျူဟာမှူး၊ မြို့နယ် စီမအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် မြို့နယ်သစ်တောဦးစီးဌာန တောအုပ်ကြီးတို့က ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များအား ပျိုးပင်များကို ပေးအပ်ပါသည်။
ယင်းနောက် တက်ရောက်လာသူများက စုပေါင်း၍ ပျိုးပင်များကို တပျော်တပါးစိုက်ပျိုးကြရာ အမှတ်(၁)လှုပ်ရှားစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်သိန်းလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌတို့က လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။ မိုင်းရယ်မြို့နယ် မိုးရာသီသစ်ပင် စိုက်ပျိုး ပွဲတော်တွင် ခါတော်မီ၊ ယေမနေ၊ မယ်ဇလီ၊ ချယ်ရီ၊ ရေသင်းဝင်စသည့် ပျိုးပင်ပေါင်း ၈၀၀ ပင် စိုက်ပျိုးခဲ့ကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်