သတင်းများ

ဘီးလင်းမြို့နယ် (Community Base Facility Quarantine) ရှိ တာယာစက်ရုံဝန်ထမ်း (၃၈၄) ဦးအား ထောက်ပံ့ငွေများ ပေးအပ်
Sep 23,2020
သထုံခရိုင် ဘီးလင်းမြို့နယ်တွင် ဖွင့်လှစ်ထားရှိသော (Community Base Facility Quarantine) များတွင် နေထိုင်လျက်ရှိသည့် အမှတ် (၂၂) တာယာစက်ရုံမှ ဝန်ထမ်း ၃၈၄ ဦး အတွက် Yangon Tyre ကုမ္မဏီမှ
လေးမျက်နှာ၌ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဈေးဆိုင်များအား သတ်မှတ် စည်းကမ်းချက်များအတိုင်း ရောင်းချကြရန် အသိပေးနှိုးဆော်ခြင်းနှင့် လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Sep 23,2020
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများပြားလာသဖြင့် လေးမျက်နှာမြို့ပေါ် ရပ်ကွက်အတွင်းရှိ ဈေးဆိုင်ခန်းများနှင့် လမ်းဘေးဈေးဆိုင်များ၊ နေအိမ်များတွင် ဖွင့်လှစ်ရောင်းချသူများ၊ ပုဂ္ဂလိကအိမ်ဆိုင်များ၊ အခြားလုပ်ငန်းများ ဖွင့်လှစ်လုပ်ကိုင်သူများ အနေဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်းကြားချက်များအား သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန်၊ အသိပေးနိုးဆော်ခြင်းနှင့် သတ်မှတ်စည်းကမ်းချက်များ နှင့်အညီ လိုက်နာ ‌ဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းတို့ကို မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များက ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကွင်းဆင်း စစ်ဆေးဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ရွာသစ်မြို့ရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၁၀၉) စု အတွက် အိမ်တိုင်ယာရောက် ထောက်ပံ့ ငွေများ ပေးအပ် 
Sep 23,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့၌ ကိုဗစ်−၁၉ ကာလအတွင်း ပုံမှန် ဝင်ငွေ မရှိသော အခြေခံ လူတန်းစားများအတွက် နိုင်ငံတော် အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့သည့် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၂၀,၀၀၀) နှုန်းဖြင့် ထောက်ပံ့ငွေ များကို မြောက်ပိုင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်အောင်နှင့် တာဝန်ရှိသူတို့က ယနေ့ နံနက်ပိုင်းမှ စတင်ကာ လိုက်လံ ပေးအပ်လျက် ရှိကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ မိုးနှောင်းဝါစိုက်တောင်သူများကို ဝါမျိုးစေ့များထောက်ပံ့
Sep 23,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မိုးနှောင်းဝါစိုက် တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက DOA မှ ထောက်ပံ့သော ရွှေတောင်(၈) ဝါမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ပညာပေးခန်းမဆောင်၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
မန့်ဟီးရိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် Mask Campaign ဆောင်ရွက်
Sep 23,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာန ဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် နှာခေါင်းစည်း Mask များကို အခမဲ့ဖြန့်ဝေကာ အသိပညာပေးခြင်း Mask Campaing ကို ယမန်နေ့နံနက်ပိုင်း က နောင်ဟင်ကျေးရွာ စက်လှေဆိပ်နှင့် မြို့မဈေးတွင် ဆောင်ရွက်ခဲ့သည်။
နာဂဒေသ ထန်ပါခွေမြို့၌ မိုးစပါး(၁၅၀၁)ဧက စိုက်ပျိုးပြီးစီး
Sep 23,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ လျာထား (၁၄၉၉ ဧက)တွင် တောင်ယာ(၁၃၂၁ ဧက)နှင့် လယ်(၁၈၀ ဧက) စုစုပေါင်း (၁၅၀၁ ဧက) စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာလအတွင်း ကောလင်းမြို့ပြည်သူ့စာကြည့်တိုက်မှ ပြည်သူ့စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်း နှင့် အသိပညာပေး လုပ်ငန်းများ Online မှတစ်ဆင့်ဆောင်ရွက်
Sep 23,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ကာလအတွင်း ကောလင်းမြို့ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ် ပရိတ်သတ်များ၊ စာပေဝါသနာရှင်များ၊ ကလေးငယ်များအတွက် ပြည်သူ့စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းနှင့် အသိပညာပေးလုပ်ငန်းများကို Online မှတစ်ဆင့် စာအုပ်များမိတ်ဆက်ခြင်း၊ ပုံပြင်ပြောခြင်း၊ ရောင်စုံစက္ကူဖြင့် အရုပ်ခေါက်ခြင်း၊ ပန်းချီဆွဲခြင်းနှင့် ဆေးရောင်ခြယ်ခြင်း လုပ်ငန်းများကို မြို့နယ်ပြည်သူ့ စာကြည့်တိုက်ကလေးစာဖတ်ခန်းမှ အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။